Chapter 2

3.4K 289 56
                                    

ရင်တွေတဒိန်းဒိန်းခုန်ကာ ရိပေါ်မှာ ဇောချွေးတွေပင် ပျံနေရသည်။တသက်နဲ့တကိုယ်တခါမှ ယောက်ျားခြင်းရည်းစားစကားပြောခံရလိမ့်မည်ဟု အိမ်မက်ပင်မက်မကြည့်ခဲ့ပါ။

"မဟုတ်ဘူး....ဒီကအကိုလူမှားနေပြီ....ကျနော်က ဝမ်ရိဖေးမဟုတ်ဘူးဗျ...."

"ဟား ဟား...ဝမ်ရိဖေးမဟုတ်ဘူးဆိုတော့ ဆေးကျောင်းရဲ့ အလှနတ်သမီးလေး‌လား....အကွက်တွေက ရိုးလိုက်တာ ကလေးရာ....."

အပေါင်းပါတသိုက်နဲ့အတူ တဟားဟားအော်ရယ်လာသည့် အနှီလူကြောင့် ရိပေါ်အတော်စိတ်ပျက်လာချေပြီ။ကိုယ်စီးတဲ့မြင်း အထီးမှန်းမသိ အမမှန်းမသိနဲ့....စူးစူးစိုက်စိုက်ကြီးကြည့်လာတဲ့ မျက်လုံးတွေက ဓါးတလက်လို စူးစူးရှရှကြီးနဲ့။

"ရိုးနေလိုက်....ကျုပ်က အထီးကြီးဗျ....ဖွန်ကြောင်မယ်ဆိုလဲ သေချာပြူးပြဲကြည့်ဦး....ယောက်ျားလား မိန်းမလားခွဲဦး....နှာစိတ်ကြည့်ဘဲ ငယ်ထိပ်ရောက်မနေနဲ့....."

မျက်လုံးမှိတ်လို့ ပြောချလိုက်ပြီးသည့် ရိပေါ်က မခိုင့်တခိုင်ခြေထောက်တွေကို အသုံးပြုလို့ ခြေသုတ်တင်ပြေးတော့သည်။အနောက်က တဆာဆာအော်ခေါ်နေသည့် ထိုလူ့ကိုလဲ ဂရုမစိုက်မိချေ။

ကျောင်းကောင်းကောင်းမှာတက်ရလို့ အဆင်ပြေရမလားမှတ်ပါရဲ့....ကျောင်းတက်တာ တပတ်ဘဲရှိ‌ေသးတယ် အမနဲ့လူမှားပြီးရည်းစားစကားပြောခံလိုက်ရ...စာပေးခံလိုက်ရနဲ့ ဘဝက ခွေးချီးတွေကိုဖြစ်လို့။အခုလောလောဆယ် ရိပေါ်သိတာက တဆတ်ဆတ်တုန်‌နေတဲ့သူ့ဒူးမှာ တခုခုဖြစ်နေတယ်ဆိုဘဲ။

"ဘုတ်....အင့်...."

ဟိုလူ့လက်ကနေ လွတ်အောင်ပြေးထွက်လာသည့် ရိပေါ်တယောက် လှေခါးဒေါင့်ချိုး ကော်ရစ်တာအရောက်မှာ ခပ်မာမာတစုံတခုနဲ့ဝင်တိုက်မိကာ ‌သံမံတလင်းပေါ်ကို ခွေခွေလေးပြုတ်ကြသွားရသည်။

နက်‌မှောင်ပြောင်လက်နေသည့် ရှူးဖိနပ်ထိပ်ဦးတွေက တရံမကတာမို့ တဖြည်းဖြည်းချင်း အပေါ်ကိုမော့ကြည့်မိတော့ ပြူးပြဲကြည့်နေကြသည့် မျက်ဝန်းများစွာ။

"Sry...sryပါ....ကျနော် လောလော‌,လောလောနဲ့ ပြေးတက်လာတော့ မမြင်လိုက်မိဘူး....."

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Where stories live. Discover now