Chapter 26

2.3K 208 37
                                    

"roll no.79....ဘယ်သူလဲ မတ်တပ်ရပ်ပြပါ....."

‌Fresher welcomeအတွက် ဖျော်ဖြေရေးအစီအစဉ်မှာပါဝင်ကြဖို့ အတွက် မဲနှိုက်ကြရာမှာ မဲပေါက်သည့် ခုံနံပါတ်အား တာဝန်ကျဆရာမကခေါ်နေခြင်းဖြစ်သည်။

"ကျနော်ပါဗျ...."

"ဟုတ်ပြီ...လန်ကျင်းရိ....သားက Romeo & Julietတခန်းရပ်ပြဇာတ်မှာ Romeoလုပ်ရမယ်...."

"ဟုတ်ကဲ့......"

တယောက်‌တပေါက်ဆူညံနေကြသည့် ကျောင်းသား/သူများအား ဆရာမက တချက်ကြည့်လိုက်ပြီး

"ကဲ တိတ်တိတ်နေမယ်....ဒါက ခုံနံပါတ်တွေနဲ့ မဲနှိုက်ပြီးရွေးတာမို့လို့ ဒီတခုမပါလဲ နောက်တခုမှာ ပါမှာ....ဆက်ရွေးမယ် တိတ်တိတ်နေ...."

သူမပါဘူး ငါမပါဘူးဇာတ်လမ်းတွေဖြစ်ကုန်ကြမှာမို့ ဆရာမက သေချာပြောပြနေရခြင်းပင်။ရှောင်းကျန့်တို့လေးယောက်မှ လွဲ၍ ကျန်တဲ့သူများက မပါမဖြစ် ပါဝင်ကြမည်။သူတို့ကတော့ မပါဘူးဟု မစီစဉ်ခင်ကထဲက ယတိပြတ်ငြင်းဆန်ထားသည်မို့ ဆရာမတွေလဲ ဘာမှမပြောရဲကြပေ။ကပွဲကို မျက်နှာခဏလာပြပေးဖို့တောင် မနဲပြောထားရခြင်းပင်။

"နောက်တယောက်က ဟော 85...ဘယ်သူလဲ...."

ခေါ်နေတဲ့ ခုံနံပါတ်ကြောင့် ရိပေါ်မျက်နှာလေး ရှုံ့မဲ့သွားရကာ မထချင်ထချင်နဲ့ မတ်တပ်ရပ်လိုက်ရသည်။

"ဟုတ်ပြီ...သား ဝမ်ရိပေါ်က julietနေရာ သရုပ်ဆောင်ရမယ်....ငြင်းလို့မရဘူးနော်....လူတ်ုင်းမဖြစ်မနေပါဝင်ကြရမှာ...."

စိတ်ပျက်လက်ပျက်အမူအရာနဲ့ ရှုံ့မဲ့နေသည့် ရိပေါ်ကြောင့် ဆရာမက သတိပေးသလို တခါထဲပြောသွားသည်။အောင့်သက်သက်နဲ့ ပြန်ထိုင်လိုက်ရသည့် ရိပေါ်ကတော့ မကြေမနပ်တရွတ်ရွတ်နေမိသည်။

*ခွေးချီးကံကလဲ ဒါကျမှကောင်းနေတာ....ပေါက်လိုက်ပါ့လား ရိုမီယိုဇာတ်ကောင်တုန်းက....မဲနှိုက်တဲ့ ဆရာမလက် တရော်ကင်ပွန်းနဲ့ ဆေးခိုင်းရမှာ....*

"ငါရဲ့ ဂျူးလီးယက်စ်လေး....ဘာတွေစိတ်အလိုမကျနေတာလဲ....."

စပ်ဖြဲဖြဲနဲ့ ကျင်းရိက မေးဖျားလေးကနေ ကိုင်ကာ စနောက်တော့

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Where stories live. Discover now