Chapter 19

2.3K 236 55
                                    

၂ရက်ပြီ။သူတို့အိမ်မှာ ပြဿနာဖြစ်ပြီး ပြန်သွားထဲက ဝမ်‌ပေါက်စကကျောင်းလဲမလာသလို ပေါက်စတို့အမေ ကြီးမေဖေးရန်က အလုပ်ပြန်ဆင်းနေပြီမို့ ပေါက်စတို့က လာစရာမလိုတော့ပေ။

ဘာဖြစ်လို့လဲ...နေများမကောင်းလိူ့ မလာတာလား....တယောက်ထဲ အတွေးတွေနဲ့ယောက်ယက်ခတ်နေသည့် ရှောင်းကျန့်မှာ ထိုင်မရထမရ။ဘာမဟုတ်တဲ့ကောင်လေးတယောက်ကြောင့် ပေါက်စသူငယ်ချင်းတွေကို မေးကြည့်ရအောင်လဲ သူ့ဘက်ကစခေါ်ပြောဖို့ရာ တွန့်ဆုတ်နေမိသည်။

"ကျန့်...ဘာဖြစ်နေတာလဲ....ငြိမ်ငြိမ်နေလို့မရဘူးလား....မင်းကြည့်ရတာ တော်တော်မျက်စိနောက်လာပြီ...."

စတည်းချနေကျ ခေါင်မိုးထပ်မှာ ရောက်နေသည့် သူတို့လေးယောက်ထဲမှာ ရှောင်းကျန့်တယောက်သာ ထိုင်လိုက် အပေါ်ကနေ အောက်ငုံ့ကြည့်လိုက်နဲ့ အတော်ဂဏာမငြိမ်နေတာမို့ အနေအေးသော ဟိုက်ခွမ်းပင် မေးယူရသည်။

"ဘာမှမဖြစ်ပါဘူး...."

"မင်းကမဖြစ်ဘူးသာဆိုတယ် အောက်ခနခနငုံ့ကြည့်နေတာ....ဘယ်သူလာမှာမို့ မျှော်နေတာလဲ...."

ယွီပင်းကပါ ထပ်မံစပ်စုလာပြီမို့ ရှောင်းကျန့်ကိုယ်ရှိန်သတ်ကာ ဘာမှမဖြစ်သည့်နှယ် ခူံမှာ အေးအေးဆေးဆေးဝင်ထိုင်လိုက်ပြီး

"ငါက ဘယ်သူ့မျှော်ရမှာလဲ....မမျှော်ပါဘူး....ဒီအတိုင်းပျင်းနေလို့ ဟိုလျှောက်ဒီလျှောက်ကြည့်နေတာပါ....မင်းတို့ကလဲ လမ်းတောင်မလျှောက်ရဲအောင်ဘဲ...."

ဟုတ်လို့လားဆိုသည့်ပုံ ဝိုင်းကြည့်နေကြသည်။မျက်နှာသိပ်မလန်းသော ရှောင်းကျန့်ကို ကြည့်ကာ အဖြေရှာနေသည့် ဟောက်ရွှမ်းက

"ဒါနဲ့ မင်း special servantလေးလဲ ကျောင်းလာတာ မတွေ့ပါလား....ဘယ်ရောက်သွားပြီလဲ...."

ဝမ်ပေါက်စအကြောင်းစကားစလာတဲ့ ဟောက်ရွှမ်းအား ရှောင်းကျန့်တချက်ကြည့်လိုက်ပြီးမှ

"ဘယ်သိမလဲကွာ....နေမကောင်းလို့လား ဒါမှမဟုတ် တခုခုကြောင့် ကျောင်းမလာနိုင်တာနေမှာပေါ့....နေပါဦး မင်းကဘာလုပ်မလို့လဲ...."

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Where stories live. Discover now