Chapter 13

2.2K 228 27
                                    

မနက်ခင်းနေခြည်နွေးနွေးအောက်မှာ  ပေကျင်းမြို့လမ်းမကြီးရဲ့ လမ်းဘေး platformပေါ်တွင် ရုံးတက်ကျောင်းသွားနဲ့ သက်ဆိုင်ရာ နေရာအသီးသီးသို့ သွားလာနေကြတဲ့ လူတွေက ဥပဟိုဒီလှုပ်ရှားသက်ဝင်နေကြသည်။

ပန်းရောင်ဟူဒီပွပွလေးကိုမှ ဂျင်းဘောင်းဘီအနက်ရောင်လေး ဆင်တူဝတ်ထားတဲ့ ရွှေဝါရောင်ဆံပင်လေးတွေနဲ့ ‌လူငယ်လေးနှစ်ယောက်က ကျောပိုးအိတ်ကိုယ်စီလွယ်ကာ စကားလေးတပြောပြောနဲ့ လမ်းလျှောက်လာသည်။

"အဲ့‌ဒါကြီးက ဘယ်တော့မှ ပြီးမှာလဲ...."

စကားအဆက်စပ်မရှိဘဲ ကောက်ခါငင်ခါကြီးမေးလိုက်တဲ့ ရိဖေးကြောင့် ရိပေါ်ဘာဖြေရမှန်းမသိဘဲ ခနငြိမ်နေပြီးမှ ဘာကိုဆိုလိုမှန်းရိပ်မိသွားရကာ

"မသိသေးပါဘူး....ခနတဖြုတ်လဲ ဖြစ်ချင်ဖြစ်မှာပါ...."

"ခနဆိုရင်တော့ ကောင်းတာပေါ့...အဲ့လိုမဟုတ်ဘဲ ငါတို့ကျောင်းမပြီးမချင်းဆိုရင် ဘယ်လိုလုပ်မလဲ...."

"ဘယ်တက်နိုင်မှာလဲဟာ....ငါတို့က သူများပိုက်ဆံနဲ့ တက်နေရတာမလား....သူတို့ကြည်ဖြူကြေနပ်အောင်တော့ ပြန်ပေးဆပ်ရမှာပေါ့....."

စိတ်ကိုဒုန်း‌‌ဒုန်းချထားသည့် ပုံစံနဲ့ ခပ်ညည်ညည်းအပြောလေးကြောင့် ရိဖေး အလျင်တဆောနိုင်စွာခေါ်မိသည်။ကျောင်းမပြီးမချင်းအနိုင်ကျင့်ခံနေမှာမျိုးဆိုရင် သူမကျောင်းထွက်ပစ်လိူက်မှာ...သူမမောင်လေးကိုတော့ သူများ‌အောက်ကျို့ခစားရတာမျိုး မလိုလားပါ။

"ဝမ်လေး....ငါတို့..."

"နင်ပြောချင်တာ ငါသိပါတယ်....ယောက်ျားလေးချင်း ခယပေါင်းရလို့လဲ ငါဘာမှဖြစ်မသွားဘူး....သူ့ဆီအောက်ကျို့ရပေမဲ့ ငါတို့အတွက် အကျိုးမယုတ်ပါဘူး မမရာ....အချိန်တန်ရင် ငါတို့ ‌ကိူယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်လို့ရပြီလေ...."

ရိပေါ်က အကျိုးကြောင်းရှင်းပြပေမဲ့ သူပြောသလို အချိန်မတန်ခင်အထိ ကျစ်...မဖြစ်နိုင်လိုက်တာ...။

"ငါတို့ဘဝကလဲ ဝင်ကစွပ်တွေလိုဘဲ....သူများစိတ်နဲ့ ကိုယ့်ကိုယ်နေနေရတာကြီးကို မုန်းလိုက်တာ...."

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Where stories live. Discover now