Chapter 22

2.3K 234 92
                                    

စာသင်ချိန်မရှိသေးတာကြောင့် အတန်းထဲမှာ ရိပေါ်တို့သုံးယောက်ကလွဲလို့ ဘယ်သူမှရှိမနေပါ။ရိပေါ်တို့ကသာ ဘယ်မှမသွားချင်မလာချင်ဖြစ်နေသည်မို့ ကိုယ့်နေရာမှာ ထိုင်ရင်း မုန့်စားရင်း စကားကောင်းနေကြသည်။

စကားပြောတယ်ဆိုပေမဲ့ ဖန်ရှင်းနဲ့ ကျင်းရိက မနေ့ကအကြောင်းကိုသာ ရိပေါ်ကို အသဲအသန်အင်တာဗျူးနေကြသည်မို့ ရိပေါ်မှာ တအင်းအင်းတအဲအဲနဲ့ ဘယ်လိုပြောပြရမှန်းမသိအောင် အခက်တွေ့နေရသည်။

ဟုတ်တယ်လေ....ဘယ်လောက်တောင် ရိုမန့်တစ်ဆန်လိုက်သလဲ.... အိမ်သာထဲမှာ ရည်းစားစကားအပြောခံလိုက်ရပြီး နှုတ်ခမ်းပေါက်အောင် နမ်းခံလိုက်ရတဲ့အကြောင်း ဒင်းတိူ့ကို ဘယ်လိုမျက်နှာနဲ့ ပြောထွက်ပါ့မလဲ....။ဒါကိုအလိုက်ကန်းဆိုးမသိတဲ့ကောင်တွေက မေးမပြီး ပြောမပြီးနဲ့ စားမြုံ့ပြန်နေကြသေးတာ။

"သဲငယ်...."

ဘုရားရေ....အတွေးတောင်မဆုံးသေးဘူး ရောက်လာပြန်ပြီလား....ဘုန်းကြီးလို့ အသက်ရှည်ဦးမယ်...။

ရှောင်းသခင်လေးရဲ့ ခေါ်သံနဲ့အတူ ရိပေါ်တို့နားထိရောက်လာတဲ့ လူရိပ်ကြောင့် ရိပေါ်မျက်နှာလေးက ရှုံ့မဲ့မဲ့။ကိုယ့်နာမည်ခေါ်တာမှ မဟုတ်တာဆိုတဲ့ အတွေးကိုရိုက်သွင်းလို့ မော့မကြည့်ဖြစ်အောင် နေလိုက်မိသည်။

"သဲငယ်....ကိုယ် သဲငယ်နဲ့ စကားအေးဆေးပြောချင်တယ် ရတယ်မလား....."

"ခန ခန....ရှောင်းသခင်လေး အခုဘယ်သူ့ကို ခေါ်နေတာလဲ သဲငယ်လို့က....."

ကျင်းရိမှာ ‌စိတ်ဝင်တစားမေးမြန်းနေလိုက်တာ စားလက်စ‌မုန့်ထုပ်တောင် ဘေးမှာချထားမိသည်။ကျင်းရိအမေးအား ရှောင်းကျန့်က တန်းမဖြေဘဲ မျက်ခုံးစွန်းကို လက်နဲ့ခြစ်ကာ ရယ်ကျဲကျဲလုပ်ရင်း

"အဟမ်း....သဲငယ်ဆိုတာ...."

"မင်းကလဲ လျှာကိုရှည်တယ်....သူ့ဘာသာဘယ်သူ့ခေါ်ခေါ်ပေါ့....ငါတို့အအေးသွားဝယ်ရအောင်..လာ ဖန်ရှင်း....."

ရှောင်းကျန့်ကို စကားဆုံးအောင်အပြောမခံဘဲ ကြားဖြတ်ဝင်ပြောလိုက်တဲ့ ရိပေါ်ကြောင့် ကျင်းရိနဲ့ဖန်ရှင်းမှာ မျက်လုံးလေးတွေအပြူးသားနဲ့ ပြန်ကြည့်နေတော့ ရိပေါ်မှာ မျက်ဖြူစိုက်ချင်သွားသည်။

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Where stories live. Discover now