Chapter 10

2.6K 242 58
                                    

ကြီးမေက အတင်းခေါ်နေတာရော ဝမ်ပေါက်စကို ကလိချင်တာရောကြောင့် ရှောင်းကျန့်အိမ်ထဲလိုက်လာခဲ့မိသည်။ပစ္စည်းများများစားစားမရှိသော ခပ်နွမ်းနွမ်းဆက်တီခုံလေးနဲ့ စားပွဲလေးတလုံးသာချထားတဲ့ ဧည့်ခန်းလေးကလဲ ရိုးရှင်းသလို အိမ်လေးရဲ့ အတွင်းပိုင်းအပြင်အဆင်အထားအသိူများက သူ့နေရာနဲ့သူ စီစီရီရီရှိကာ သန့်ရှင်းနေပေသည်။

"အမားတို့အလုပ်ရှင်ရဲ့သား ရှောင်းသခင်လေးလေ....သခင်လေး ဒါ ကြီးမေရဲ့ သားငယ်လေး ဝမ်ရိပေါ်ပါ....."

ဒေါ်ဖေးရန်ရဲ့ မိတ်ဆက်ပေးမှုကြောင့် ရှောင်းကျန့် ဝမ်ပေါက်စကို သေချာစိုက်ကြည့်ပြီး အသိမှတ်ပြုသလို ခေါင်းငြိမ့်ပြတော့

"တွေ့ရတာ ဝမ်းသာပါတယ် ဘ..ရှောင်းသခင်လေး...."

သူ့ကိူ ကြည့်နေတဲ့ မျက်နှာလေးက စိတ်ရှုပ်ထွေးမှုတွေအတိုင်းသားပေါ်လွင်နေရှာသည်။အိမ်နေရင်းမို့ စပို့ရှပ် အဝါလေးနဲ့ ဒူးဖုံးဘောင်းဘီတို အစိမ်းလေးကိုသာ ဝတ်ထားတဲ့ ကောင်လေးက ဆံပင်ဝါဝါလေးတွေပါ ဘီးကုတ်လေးနဲ့ ထိုးသိမ်းထားသဖြင့် နဖူးပြေပြေလေးနှင့် ဝင်းပြည့်နေသော မျက်နှာပြောင်ပြောင်လေးကိုပါ အားမနာတမ်း ရှောင်းကျန့်စိုက်ကြည့်နေမိ၏။

ဘဝင်ရူးရှေ့မှာ ထိုင်နေရတာ ရိပေါ်စိတ်ထဲ မလုံခြုံသလို ဖြစ်လာရသည်မို့

"ဟို အမား....ဧည့်သည်အတွက် သား ကော်ဖီဖျော်လိုက်ဦးမယ်....."

"နေ နေသားငယ်လေး....သခင်လေးအကြိုက်က အမားဘဲ သိတာ....အမားသွားဖျော်လိုက်မယ်....သားငယ်က သခင်လေးနဲ့ အဖော်လုပ်ပြီး စကားပြောပေးလိုက်ဦး....."

သူနဲ့မှ အတူမရှိချင်လို့မှ အကြောင်းပြတဲ့ဟာကို အမားက ဆက်ထိုင်ခိုင်းနေတာကြောင့် ရိပေါ် အီလည်လည်နဲ့သာ ခေါင်းငြိမ့်ပြလိုက်ရသည်။အမားထွက်သွားတော့မှ ထိုလူက ခပ်ဟဟရယ်မောလာတော့

"ဘာရယ်တာလဲ......"

မျက်စောင်းလေးတခဲခဲနဲ့ စွာတာတာစကားသံလေးကြောင့်

"သဘောကျလို့ပါ....ဝမ်မျိုးရိုးကို ကြီးမေရဲ့သားမှန်းတကယ်မထင်ထားခဲ့ဘူး....အံ့ဩစရာဘဲ....ဆိုတော့ မင်းတို့က daddyတို့ ထောက်ပံ့နေတဲ့ ကျောင်းသားတွေပေါ့လေ....ဒါနဲ့ မင်း ကိူယ့်ကို ကိုက်သွားတာ...."

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Where stories live. Discover now