(၃)🤍

332 80 22
                                    


"ဒါ မင်းဖြစ်ချင်နေတာပဲလေ။ ခုမှဘာကိုအလိုမကျ ဖြစ်နေတာလဲ။"

ရုံးခန်းထဲမှ Mr.Jung၏ အော်လိုက်သံကြီးကြောင့်တံခါးခေါက်ဟန်ပြင်နေသည့် အတွင်းရေးမှူး၏လက်လည်း ရပ်တန့်သွားရသည်။ ခိုင်းထားသည့်ကိစ္စ​ပြီး၍ အပြင်ကပြန်လာတော့ ဝန်ထမ်းများမှတစ်ဆင့် သခင်လေးရောက်နေတာကို သိခဲ့ပြီးသော်ငြား ပြန်လည်တင်ပြရမည့်အကြောင်းအရာမှာလည်းအရေးကြီးနေသည်။ သို့သော် ယခုမူ အခြေအနေက ဟန်ပုံမရ။ အတွင်းရေးမှူးသည် အားလျှော့၍သာ အလိုက်တသိ တပ်ဆုတ်လိုက်ရတော့သည်။

"သားပြောနေတာ လက်ထပ်မယ့်ကိစ္စမဟုတ်ဘူးလို့ အဖေ့ကိုရှင်းပြနေတယ်လေ!!!"

တစ်ဖက်ခုံမှာ ခပ်လျော့လျော့မှီထိုင်ရင်း နီရဲနေသော Hoseokမျက်နှာထက်၌ ဒေါသရိပ်တွေပြည့်နှက်နေသည်။

"အဲ့ကိစ္စကို ငါကဘာထပ်ပြောရအုံးမှာလဲ။ လက်ထပ်ပြီဆိုတာနဲ့ အိမ်တော်ကနေကိုယ်ရံတော်တွေထွက်သွားရတာက ထုံးတမ်းစဥ်လာတစ်ခုပဲလေ။ ဒါကိုမသိလို့  အဆန်းလုပ်မေးနေတာလား"

"ဒီအစဥ်အလာကို သားလက်ထက်မှာ ဖျက်တယ်ဗျာ။ Joon Hyung ဘယ်ကိုမှထွက်သွားလို့မရဘူး။ သား သူမရှိဘဲနဲ့ မနေနိုင်ဘူး"

"ဟ! မနေနိုင်ရင် မင်းလက်မထပ်နဲ့လေ။ တစ်သက်လုံးလက်မထပ်ဘဲနေရင် သူ တစ်သက်လုံးရှိနေလိမ့်မယ်...ရှင်းရှင်းလေးပဲ။ နှစ်လမ်းပဲရှိတာ တစ်လမ်းရွေးလိုက်ရင် ပြီးနေပြီ။ ဘာမှပြဿနာလုပ်နေစရာမလိုဘူး"

တိတ်ဆိတ်သွားရပါသည်။ လက်မထပ်ရဘူးတဲ့လား။ ၂နှစ်လုံးလုံး အနှိမ်ခံ အပြောအဆိုခံပြီး လိုက်ခဲ့ရတဲ့ ပန်းလှလှလေးနဲ့ လက်ထပ်ရမယ့်အရေးကို ဘယ်လိုများ ဖျက်သိမ်းပစ်နိုင်မှာလဲ။ အချစ်နဲ့ သံယောဇဥ် ဘယ်သူ့ကိုပိုတယ်ရယ်လို့ မေးခွန်းလည်းမရှိသလို အဖြေလည်းမဲ့နေရသည့်ဖြစ်အင်တွေပါ..။ Hoseok ဖြေရခက်စွာဖြင့် အောက်နှုတ်ခမ်းသားလေးကို ဖိကိုက်ထားမိသည်။

"ပြောလေကွာ! ဟန်ဂျီယွန်းကိုရွေးမှာလား Kim Namjoonကိုရွေးမှာလား။ Namjoonမှာလည်း သူ့ဘဝနဲ့သူနော်.။ သူလည်း တစ်ချိန်လက်ထပ်ပြီး သူ့မိသားစုကို ထူထောင်ရအုံးမှာ။မင်းအိမ်ထောင်ပြု ကလေးတွေရ အိုမင်းတဲ့အချိန်ထိ မင်းကလေးတွေကိုပါထိန်းကျောင်းရင်း သူ့ဘဝကို ရေစုန်မျှောပစ်လိုက်ရမှာလား။"

🤍"ချစ်သူသိစေ"🤍 [Ongoing]Место, где живут истории. Откройте их для себя