(၉)🤍

237 47 6
                                    

Unicode

"ဘွား...Jungရော.."

"ဟေ.."

ကျောင်းက ပြန်ရောက်ရောက်ချင်း Jungကိုမတွေ့သဖြင့် Namjoonပြာယာခတ်နေသည်။ အခန်းထဲမှာလည်း Riတစ်ယောက်သာ လှိမ့်ပိတ်အိပ်နေပြီး Hoseokက ဘယ်နေရာမှာမှမရှိ။

"နေ့လယ်က အကြီးလေးနဲ့အတူ ထွက်သွားတာ မြေးရဲ့။ အကြီးလေးတစ်ယောက်ပဲ ခုနက ပြန်လာပြီးအိပ်နေတာ။ အငယ်လေးက နည်းနည်းနောက်ကျမယ်ဆိုလား..."

"ဘယ်..ဘယ်ကို သွားကြတာလဲ။ Riကိုတော့မနှိုးတော့ဘူး။ ဘွားကို ပြောသွားကြသေးလား။"

"ရွာထဲခဏလို့ပဲပြောတာ မြေးရဲ့။ နေရာတော့ ဘွားမသိဘူး။"

"ဟာကွာ ဒီကောင်လေးကတော့..။ ဒါဆို ကျွန်တော်သွားရှာလိုက်ဦးမယ် ဘွား။"

"အေးအေး မြေး။ ဂရုစိုက်ပြီး သွားဦး။"

"ဟုတ်။"

Namjoonအိမ်ပြင်ကိုပြေးထွက်လာခဲ့သည်။ ခြံပြင်ကို ဆက်ပြေးလာစဥ် အရှေ့မှ သူ့ဆီလာနေသော နှေးတိနှေးကွေးပုံသဏ္ဌာန်လေးကြောင့် ​နေရာမှာတင် ခြေစုံရပ်လိုက်သည်။

"Jung..."

Hoseokသည် အိတ်လေး စလွယ်သိုင်းလျက် ခပ်အေးအေးပင်လျှောက်လာနေသည်။ သူ့ကိုမြင်တော့လည်း မျက်နှာတည်နှင့်သာဖြစ်ပြီး ဆံပင်ကတော့ မနက်က သူစည်းပေးခဲ့သည့်အတိုင်းသာ နည်းနည်းပွယောင်းယောင်းဖြစ်ချင်ရုံကလွဲရင် ယောက်ျားလေးမို့ သိပ်အထွေအထူးတော့မဟုတ်။

"ဘယ်တွေလျှောက်သွားနေတာလဲ။"

"ရေကန်ကိုပါ။ လုပ်စရာလေးရှိလို့သွားတာ။ နောက်နေ့တွေလည်းသွားမှာမို့လို့ လိုက်ရှာမနေနဲ့။"

Hoseokက သူ့ပုခုံးကိုပင် နှစ်ချက်လောက်ပုတ်ပြီး အိမ်ထဲကို ဦးတည်သွားသည်။

"နေပါဦး လုပ်စရာကဘာမို့လို့သွားဦးမှာလဲ။"

လှမ်းအော်တော့ Hoseokက လက်ထဲက Noteစာအုပ်လေးကိုထောင်ပြပြီး ပြန်လှည့်သွားသည်။

"စာသွားရေးတာလား။"

"အင်း။"

အိမ်ထဲကိုသာ တည့်တည့်ဝင်ချသွားသည့်နောက်သို့ Namjoonလိုက်လာခဲ့သည်။ Hoseokက အိတ်ကို နံရံမှာချိတ်လိုက်ပြီး သဘက်ပိုင်းလေးတစ်ထည်ယူကာ ဘေစင်ရှေ့ရပ်လိုက်သည်။

🤍"ချစ်သူသိစေ"🤍 [Ongoing]Nơi câu chuyện tồn tại. Hãy khám phá bây giờ