(၁၄)🤍

309 49 7
                                    

Unicode

ခြံဝန်းလေးထဲ၌ နာရေးလာရှုသူများ တဖွဲဖွဲနှင့် စုံညီလာသည်။ Namjoonကို အားပေးသူကပေး၊ ရွာ၏ အချစ်တော် အဘွားအတွက် မျက်ရည်ကျသူကကျနှင့် သေခြင်းတရားကိုနားမလည်သေးသော ရွာထဲက အဘွား၏အချစ်တော် ကလေးအုပ်စုသည်လည်း အဘွားဓာတ်ပုံရှေ့၌အစီအရီရပ်ကာ သကြားလုံးလေးတွေ တောင်းစားနေကြသည်။

"ဒီကလေးက မိဘတွေနဲ့ ကြီးပြင်းလာရတာမဟုတ်ပေမယ့် သိပ်ကိုလိမ်မာတယ်။ မိဘတွေကိုလည်း မုန်းတီးမှုမရှိဘဲ မပြည့်စုံတဲ့ဘဝကြီးကိုလည်း ခံပြင်းမနေဘဲ ဒီတိုင်း အေးအေးချမ်းချမ်းနေထိုင်လာခဲ့တာ။"

Hoseokသည် နံရံ၌ မှီထိုင်ကာ အသက်မဲ့စွာ ပုံဆွဲနေရင်းက လူကြီးတစ်ယောက်၏ ထိုစကားကြောင့် နီရဲသောမျက်လုံးများဖြင့် လှမ်းကြည့်သည်။

ထိုမှတစ်ဆင့် Namjoonကိုလှမ်းကြည့်တော့ အနက်ရောင်ရှပ်ရိုးရိုးလေးရယ်၊ သပ်ရပ်စွာသိမ်းတင်ထားသည့် ရွှေအိုရောင်ဆံပင်၊ မျက်မှန်တို့ဖြင့် ပြုံးစစလုပ်ကာ အကောင်းဆုံးဧည့်ခံနေသည်ကိုမြင်ရသည်။ ငိုတဲ့အမှုကို ဆေးရုံမှာ တစ်ခါသာလုပ်ခဲ့တာ။ နောက်ရက်တွေမှာတော့ နေမကောင်းနေသည့်သူ့ကို ဂရုစိုက်ပေးတာနှင့် ဈာပနအခမ်းအနားကိုသာ အာရုံစိုက်ပြီး အေးဆေးစွာရှိနေခဲ့သည်။

အမေဆုံးတုန်းက သူကမ္ဘာပျက်ခဲ့ရသလို Namjoonမပျက်။ သူငိုယိုခဲ့သလို Namjoonကတော့ ရုပ်ပျက်ဆင်းပျက်မရှိ။ သူ​ထွက်ပြေးမိခဲ့သလို Namjoonမပြေး။ သူ့ကို Namjoonနှစ်သိမ့်ပေးခဲ့သလို အခုချိန်ထိ  သူကပြန်ပြီး မနှစ်သိမ့်ပေးရသေး။

နှစ်သိမ့်ဖို့တောင် လိုပါရဲ့လားမသိ။ အဘွားရဲ့မြေးအရင်းက Jung Hoseokဟု ထင်ရသည့်တိုင်အောင် အမှန်တကယ် အသက်မဲ့ခဲ့တာက Kim Namjoonမဟုတ်ခဲ့..။ ဒါကြောင့်လည်း စိတ်ထောင်းကိုယ်ကြေဖြစ်ကာ အဖျားက အရှင်းမသက်သာဘဲ ကိုယ်ငွေ့ပူပူက တမြေ့မြေ့ရှိနေသေးသည်။

ဒါကိုတောင် အေးဆေးနိုင်သေးသူက ဧည့်သည်တွေကြားကနေ အနားကိုရောက်ရောက်လာကာ "ဘာစားမလဲ" "အိပ်မလား"နှင့် တကုပ်ကုပ်လာမေးနေတတ်သေးသည်။

"အဘွားဖြစ်သူကို ဘယ်လောက်တောင် မင်းသမီးလေးလို ထားခဲ့လိုက်လဲ။ အခုလည်း ပြိုလဲနေမှာသေချာပေမယ့် ဈာပနကို အကောင်းဆုံးလုပ်ပေးနေရှာတယ်။ တကယ့်သားသမီးအရင်းတွေက အမွေလောက်ပဲသိချိန်မှာ မြေးဖြစ်တဲ့ဒီကလေးကတော့ ဘာကိုမှ မမျှော်လင့်ထားရှာဘူး။ ပေးတဲ့လက်ပဲ ဖြစ်နေရှာတာ။"

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Jun 22, 2023 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

🤍"ချစ်သူသိစေ"🤍 [Ongoing]Hikayelerin yaşadığı yer. Şimdi keşfedin