"Ri!! ဖယ်ကွာ ငါပဲမောင်းတော့မယ်""ဟာ နေစမ်းပါ။ Namjoon Hyungတွေ့ရင် မင်းကို ကားမောင်းခိုင်းတယ်ဆိုပြီး ငါအသတ်ခံရဦးမယ်။"
Riက ပါးစပ်ထဲ ဘာတွေဝါးမှန်းမသိ ဝါးရင်းပြောသည်။
"အဟက် မစောင့်ရှောက်ချင်တော့လို့တောင် မြန်မြန်ပြန်ချင်နေတဲ့ကောင်က ဒီလိုဖြစ်ဦးမှာတဲ့လား။ ဖြစ်ရင်တောင် ရူးသွားလို့ပဲနေမှာ"
Hoseokစကားကို Riက စူးစမ်းသလို လှည့်ကြည့်သည်။
"ဒါနဲ့ မင်း မိုက်သားပဲ။ အစ်ကို့စကားကို နားထောင်ပေးတယ်။ အဆင်ရောပြေလား ငိုချင်တာတွေ ဘာတွေများ..."
"ချီးပဲ Riရာ တော်ပါတော့။ မြန်မြန်သာမောင်းစမ်းပါ။ အခု ငါ့ခေါင်းထဲ Kim Namjoonကိုသတ်ချင်နေတဲ့စိတ်ပဲရှိတယ်"
"အေးကွာ မပြောတော့ဘူး။ ဟန်ဂျီယွန်းကို မယူတာပဲ ငါကကျေးဇူးတင်လွန်းလှပြီ။"
Ri မျက်မှောင်ကုတ်နေပြီဖြစ်သည့် Hoseokကို ဘေးမဲ့ပေးလိုက်တော့သည်။ ကားသည် ဟိုင်းဝေးလမ်းမကြီးထက် ခပ်မှန်မှန်ရွေ့လျားနေသည်။ Hoseokသည် လက်ကိုထုတ်ကာ လေတွေကိုကစားလိုက်၊ နှုတ်ခမ်းကိုဖွဖွထိကာ စဥ်းစားလိုက်နှင့် ဘာဖြစ်နေမှန်းမသိ။
Riဟာ လောကအရှုပ်တော်ပုံတွေကိုတောင် စိတ်ကုန်လွန်း၍ တစ်ယောက်တည်းနေနေခြင်းဖြစ်သည်။ အချစ်လည်းမသိ အလွမ်းလည်းမရှိ လွတ်လပ်မှုတွေသာ ထုံမွှေးသော ဘဝမှာ သူနေပျော်ခဲ့တာ နှစ်ပေါင်းများစွာ။
Hoseokကိုသာ တစ်ဦးတည်းသော ညီမို့ ခင်တွယ်နေရခြင်းဖြစ်သည်။ ဝါသနာတွေဆိုတာလည်း လောကအပြင်ကို ထွက်လွန်း၍လားမသိ ဘာဆိုဘာမှ ခံစားချက်မရှိတော့တာကြောင့် လူသည်လည်း တိမ်တိုက်သာသာ လွင့်ချင်တိုင်းလွင့်နေသည်။
ဘာကိုမှမထည့်ထား၍ ရှင်းလင်းနေသော ရင်အစုံဟာ လစ်ဟာမှုတော့ရှိပေမယ့် Ri ဂရုမစိုက်။ တိမ်လို မျောလွင့်လှပနေရတာကိုပဲ ကြိုက်သည်။
အတွေးကိုယ်စီနှင့် တိတ်ဆိတ်လာကြရင်း လယ်ကွင်းစိမ်းစိမ်းတွေကိုမြင်မှ ရွာနှင့်နီးလာမှန်း Riသိသည်။ ဒီကို Ri ဆယ်ကျော်သက်တုန်းကသာ တစ်ခေါက် ရောက်ဖူးသည်။ လမ်းတွေကိုတော့ သိပ်မမှတ်မိချင်။ လမ်းခွဲပေါင်းများစွာကိုတွေ့ရတော့ ကားကို ဆက်မမောင်းရဲတော့ဘဲ ရပ်ပစ်လိုက်သည်။

ESTÁS LEYENDO
🤍"ချစ်သူသိစေ"🤍 [Ongoing]
Fanficအစိမ်းရောင်တွေကြားထဲ နေရောင်ခြည်သေးသေးလေး လှုပ်ခတ်နေရင် ကိုယ့်မှာ အကြိမ်ကြိမ် သေရတယ် သက်လှယ်....။