"ငါမင်းကို အလုပ်ထွက်ရအောင်လုပ်မယ် Kim Namjoon!!!"လွန်ခဲ့ပြီးသော မှတ်ဉာဏ်တွေကဖြစ်လိမ့်မည်။ ၁၅နှစ်သားလေး၏ ဒေါသတကြီး ကြိမ်းမောင်းသံလေးတစ်ခု....။
ဖုန်စသဲစတွေ ပေကျံနေသည့် ခြေဖဝါးနုနုလေးကို သုတ်ခါပေးနေသည့် လက်ပိုင်ရှင်၊ တစ်နည်းအားဖြင့် အသက်၂၀အရွယ် ကိုယ်ရံတော်အသစ်ကို မှုန်ကုတ်ကုတ်ကြည့်ကာ ရန်တွေ့နေသူလေး..။
"သောက်အာရုံတွေ လာမနောက်နဲ့နော်။ ငါ တစ်နေကုန် ဘောလုံးကန်မှာလို့ပြောထားပြီးသား။ ကုမ္ပဏီကို ဘာအကြောင်းနဲ့မှ မလိုက်နိုင်ဘူး။ Jung Hoseokကိုဘာထင်နေလို့လဲ။"
၁၅နှစ်ဆိုတဲ့ နုနုငယ်ငယ်ဒီကလေးလေး။ အသံလေးတွေ စသြလာတဲ့အချိန်...ဆိုးဆိုးပေပေလေး စဖြစ်လာတဲ့အချိန်...ပြောမကောင်းဆိုမကောင်း ထိန်းမရသိမ်းမရဖြင့် စိတ်တိုလာလျှင် ဒေါသငယ်ထိပ်ရောက်နေတတ်သည့် လူပျိုပေါက်ကလေးဆိုတဲ့ ဖူးသစ်စ အဲ့အရွယ်လေး...။
လူပျိုပေါက်ဆိုသော်ငြား
အမေဖြစ်သူက လက်သည်း ညှပ်ပေးနေရတုန်း၊ ဝတ်မယ့်အဝတ်အစားရွေးပေးနေရတုန်း၊ ၅နှစ်အရွယ်ကလေးတစ်ယောက်ကို ထိန်းကျောင်းပေးရသလိုမျိုး အစစအရာရာ သူ့လက်သူ့ခြေဟူ၍ ဂိမ်းဆော့သည့်နေရာနှင့် ဘောလုံးကန်သည့်နေရာသာရှိသည်။အဝါရောင်ရှပ်အင်္ကျီ၊ အဝါရောင်ဘောင်းဘီတိုလေးနှင့် အဝါရောင်လျှာထိုးဦးထုပ်ခပ်လန်လန်လေးရယ် အဝါရောင်ဖိနပ်ထူထူကြီးရယ်..နဖူးပြင်ပေါ်အုပ်ကျနေသည့် စိမ်းဖျော့ရောင် ဆံပင်နုနုလေးတွေရယ်နှင့် ဆိုးတာရိုင်းတာလေးတွေဖယ်လိုက်ရင် ပကတိချစ်စရာကောင်းနေသည့် ကလေးလေးတစ်ယောက်ပါပဲ...။
"ပြောနေတာကို ဖယ်လေ။ ငါမလိုက်ပါဘူးဆို!!!"
ပုခုံးစွန်းကို လှမ်းရိုက်လျက် အော်လိုက်တော့ အကြမ်းပတမ်းပစ်ချခံလိုက်ရသည့် ခြေဖဝါးလေးတွေသည် မြေကြီးပေါ်သို့ နာနာကျင်ကျင် ပြုတ်ကျသွားရသည်။
"ငြိမ်ငြိမ်နေလိုက်တော့နော်။ ကလေးဖြစ်နေလို့ ငါ အားမသုံးဘဲ နူးညံ့ပေးနေတာ။ စိတ်ရှည်ပေးနေရင်းကို ရိုက်ပစ်ချင်လာအောင် ဆိုးသွမ်းမနေနဲ့.။"
![](https://img.wattpad.com/cover/308521029-288-k617049.jpg)
YOU ARE READING
🤍"ချစ်သူသိစေ"🤍 [Ongoing]
Fanfictionအစိမ်းရောင်တွေကြားထဲ နေရောင်ခြည်သေးသေးလေး လှုပ်ခတ်နေရင် ကိုယ့်မှာ အကြိမ်ကြိမ် သေရတယ် သက်လှယ်....။