Chapter 1

5.7K 241 6
                                    

"ကျေးဇူးတင်ပါတယ်"လို့အသံတစ်သံက ပြောလာသည်။ အခုလေးတင် သူ့ကိုခေါ်ပြီး တက္ကသိုလ်အနီးအနားတဝိုက်ကို ဆိုင်ကယ်တစ်စီးနဲ့ လျှောက်ပတ်စီးခဲ့တာဖြစ်သည်။ ဒါကထိုသူနဲ့ နီးစပ်ဖို့အတွက် အခွင့်အရေးတခုဖြစ်ခဲ့ပြီး အဲ့အခွင့်အရေးက မြန်မြန်ဆန်ဆန်ရောက်လာလိမ့်မယ်လို့‌ မမျှော်လင့်ထားခဲ့မိဘူး။

"မင်း တနေ့နေ့ ‌ဒီ‌နေ့လိုမျိုး ဒရိုက်ဘာ တယောက်လိုလာရင် ငါ့ကို အချိန်မရွေး ခေါ်နိုင်တယ်နော်"
ငါ့ရှေ့ကလူကို ခပ်ကျယ်ကျယ်ပြုံးပြကာ စကားဆိုလိုက်သည်။ Porscheဆိုတဲ့ ဒီလူက ကျွန်တော့်ရဲ့မျက်လုံးထဲမှာ အမြဲကြည့်ကောင်းနေသည်။
သူရဲ့ ခန္တာကိုယ် ဒါမှမဟုတ် သူ့ရဲ့ ရုပ်ရည်သွင်ပြင် နောက်ဆုံး သူ့ရဲ့ခေါင်းမာတဲ့အကျင့်စရိုက် အဲ့ဒါတွေနဲ့သူက စိန်ခေါ်မှုတစ်ရပ်ဖြစ်စေပေမဲ့ အရမ်းလည်း‌ကျေနပ်စရာ ကောင်း‌သည်။

"မင်း ကြိုယ်ရင်ဝယ်" တချက်လေးမှ မစဉ်းစားဘဲ ငါ့ကိုပြောလာသည်။ သူပြုလုပ်လိုက်တဲ့ မျက်နှာအမူအရာက ဒေါသထွက်စရာကောင်းပေမဲ့ ငါ့ရဲ့မျက်လုံးထဲမှာ သူရဲ့ လှုပ်ရှားမူသေးသေးလေးကအစ ငါ့အရှေ့ကထိုလူဆီကနေ အကြည့်မလွှဲအောင် ငါ့ကိုဖမ်းစားထားသည်။

"ငါ ဒီဆိုင်ကယ်ကိုဝယ်လိုက်ရင် မင်းအခုလိုမျိုး
ငါ့ရဲ့အနောက်ကနေ ထပ်လိုက်စီးဦးမှာလား" ငါသူ့ကိုချဉ်းကပ်လိုတဲ့ ရည်ရွယ်ချက်အမှန်ကို ဖုံးကွယ်မထားဘဲ ပရောပရီကျတဲ့ မျက်ဝန်းနဲ့အတူ ပြုံးရင်း ပြောလိုက်သည်။သူ့နဲ့ရင်းနှီးဖို့ အခွင့်အရေးရှိတုန်း
အလျင်အမြန်ဆုပ်ကိုင်ထားသင့်တယ်လေ။

"မင်းသွားသင့်ပြီ။ နောက်တခါ ထပ်ကျေးဇူးတင်တယ်" Porscheက လျင်လျင်မြန်မြန်နဲ့ စကားဝိုင်းကို အဆုံးသတ်လိုက်ပေမဲ့ ငါ့ကိုမလေးမစားလုပ်တယ်လို့တော့ ငါမမြင်မိဘူး။ဒါက ငါသူ့ကို ကောင်းကောင်းနားလည်လို့လည်း ဖြစ်နိုင်ပါတယ်။အပြင်ဘက်မှာတော့ သူ့မှာ ခေါင်းမာတဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ကြံ့ခိုင်တဲ့ခန္ဓာကိုယ်ရှိတယ်လို့ထင်ရပေမဲ့ အတွင်းစိတ်ထဲမှာတော့ သူ့ရဲ့အားနည်းချက်တွေကို ဖုံးကွယ်ထားတယ်ဆိုတာ ငါပြောနိုင်ပါသည်။

 VegasPete Special Character Where stories live. Discover now