Chapter 2(Part 4)

1.7K 168 22
                                    

Warning ဒီအခန်းက အဓိက Main spoilerပါပါတယ်နော်။ spoilerမသိချင်တဲ့သူတွေအတွက်တော့ နောက်တပိုင်းစောင့်ပေးကြပါနော်။

Morning

ချွေးထွက်စိုစွတ်စွာနဲ့ဘဲ  ဘော်ဒီဂတ်တွေအတွက် အထူးသတ်မှတ်ထားတဲ့ Gymအခန်းထဲက Pete ထွက်လာခဲ့သည်။‌‌
ချွေးတွေ စိုနေတဲ့ အဝတ်အစားတွေကြောင့် ငါ့အရေပြားပေါ်က စေးကပ်မူကိုခံစားနေရသည်။

ငါ့ရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်ကတော့ မနက်တိုင်း လေ့ကျင့်ခန်းလုပ်ပြီး အဆင်သင့်ဖြစ်နေဖို့ပဲ။ ဒီနေ့ဆိုပိုတောင်လေ့ကျင့်ခန်းလုပ်ရသေးသည်၊  မိသားစုငယ်ရဲ့ အိမ်ကို ဝင်ရောက်ဖို့အတွက် အထူးသဖြင့်ပြင်ဆင်ထားရမည်ဖြစ်သည်။  အိမ်ထဲကို လှမ်းဝင်သွားပြီး ရေခဲသေတ္တာဆီကို သွားလိုက်သည်။ ချွေးတွေအရမ်းထွက်ခဲ့တာကြောင့် ရေငတ်တာကို ပြေပျောက်စေဖို့  ရေပုလင်းကို ယူလိုက်သည်။

"ဟေး။ မင်းမျက်နှာကို ငါမတွေ့ရတာ နှစ်ရက်လောက်ရှိပြီနော်"

ပုလင်းကို မြှောက်ပြီး သောက်လိုက်ချိန်မှာပဲ ရင်းနှီးတဲ့ အသံတစ်ခု ထွက်ပေါ်လာပြီး ပါးစပ်ထဲက ရေတွေ ပန်းထွက်လုမတတ် ဖြစ်သွားသည်။
အလျင်အမြန်လှည်ကြည့်လိုက်တော့ ငါ့ရဲ့မနီးမဝေးမှာ ရပ်နေတဲ့ ရင်းနှီးနေတဲ့ ပုံရိပ်တခုကိုတွေ့လိုက်ရသည်။

"Boss Vegas" ငါခေါင်းငုံ့ပြီး အရိုအသေမပေးခင် သူ့နာမည်ကို ညင်သာစွာ ခေါ်လိုက်သည်။

"မင်း Gym သွားခဲ့တာလား။
မင်း ချွေးတွေထွက်နေတယ်"
Boss Vegas က ပုံမှန်လေသံနဲ့ မေးနေပေမယ့် ငါ့ကို ခေါင်းကနေ ခြေဖျားအထိ သေချာစူးစိုက်ကြည့်နေသည်။

"ဟုတ်ကဲ့ဗျ.. မနက်အစောကြီးပဲရှိသေးတယ် Boss Vegas မှာ ဘာကိစ္စရှိလို့လဲ" ငါ အကြောင်းအရာကို အမြန်ပြောင်းလိုက်ပြီးသူ့လက်ထဲက စာရွက်စာတမ်းကို တစ်ချက်ကြည့်လိုက်သည်။

"ဦးလေး ရှာဖို့ လာတာ ၊ လက်မှတ်ထိုးဖို့အတွက် အရေးကြီးတဲ့ စာရွက်စာတမ်းရှိလို့‌လေ။ ငါ့အဖေက အဝေးမှာရောက်နေတော့ ငါ သူ့ကိုယ်စား ဒီက်ိုလာခဲ့တာ." Boss Vegas က ငါ့ကိုမကြည့်ဘဲ ပြောနေပေမဲ့ အဲ့ဒီအစား သူက ငါ့ရင်ဘတ်ကို မှောင်မှိက်တဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့တာဖြစ်သည်။

 VegasPete Special Character Where stories live. Discover now