Chapter 2(Part 1)

2.2K 203 16
                                    


7-ELEVEN

အရှေ့မှာ ကားကိုရပ်ပြီး ဆိုင်ထဲကို တန်းတန်း လျှောက်ဝင်သွားသည်။ ဆိုင်ကို ဝင်လိုက်တာနဲ့ Pete ရဲ့ အုံ့ဆိုင်းနေတဲ့ မျက်နှာကို မြင်လိုက်ရသည်။ သူ့ရှေ့မှာ ကော်ဖီနှင့် အားဖြည့် အချိုရည်တွေနဲ့အတူ ကောင်တာရှိ ငွေရှင်းတဲ့နေရာဘေးမှာ
သူရပ်နေသည်။ သူ့ပတ်ဝန်းကျင်ကို အာရုံစိုက်ဖို့ထက် ဘယ်‌ဂျယ်လီဝယ်ရမလဲဆိုတာနဲ့ အလုပ်များနေပုံပေါ်သည်။

သူဝယ်တဲ့ အရာအားလုံးကိုမြင်ပြီးတာနဲ့ တစ်ခုခုတော့ ကျန်နေခဲ့ပြီလို့ သိလိုက်သည်။ ဒါကြောင့် အမှောင်ထဲမှာနေပြီး ခိုးကြောင်ခိုးဝှက် ပြုမူနေသူတွေ အတွက် မရှိမဖြစ် လိုအပ်မှန်းသိတာကြောင့် အဲ့ဒီအရာကို သွားယူလိုက်သည်။ Kinn က သူလိုအပ်တဲ့ အချက်အလက်တွေမရခင် သူသုံးနေတဲ့ ခွေးက ခြင်တွေကိုက်ပြီး သေသွားရင် ပျော်စရာမကောင်းတော့ဘူး မဟုတ်လား။

ပစ္စည်းကောင်တာပေါ်ချလိုက်တဲ့ အသံကြားတာနဲ့ Pete လန့်သွားသည်။ ငါ သူ့ ရဲ့ရှေ့က ပစ္စည်းတွေနဲ့အတူ ခြင်ဆေးပုလင်းကို အတူတူ ကောင်တာမှာ ထားလိုက်ပြီး သူ့ဘေးမှာ ရပ်လိုက်သည်။ သူလုံးလုံးလျားလျား မတ်တပ်ရပ်နေပြီး သူ့ခန္ဓာကိုယ် အစိတ်အပိုင်း‌က တန့်သွားသည်။ သူ အံ့အားသင့်စွာနဲ့ ကျွန်တော့်ဘက်ကို ကြည့်လိုက်ပြီး သူ့တုံ့ပြန်မှုက စပရိုက်ဖြစ်သွားပုံပေါ်သည်။

"ဒါတွေ အကုန်ယူမှာလား?" Seven-Eleven ဝန်ထမ်းက ပြောလာသည်။

ရောင်စုံကွန်ဒုံးသေတ္တာတွေကိုတန်းစီပြီး ကောင်တာဘေးမှာပြထားတဲ့အတွက် ရောင်စုံကွန်ဒုံးသေတ္တာတွေကို ကြည့်လိုက်သည်။။ ငါက ငါ့ရဲ့ အရွယ်အစားရှိတဲ့ ကွန်ဒုံးတစ်ဘူးကို ကောက်ယူပြီး Pete ရဲ့ ပစ္စည်းတွေနဲ့အတူ ချထားသည်။

"ဟုတ်တယ် "လို့ ပြောရင်း နှုတ်ခမ်းတွေ တွန့်ယုံ ပြုံး နေလိုက်သည်။ သေလောက်အောင် ဖြူဖျော့နေတဲ့Peteဘက်ကို ငါလှည့်မကြည့်ဘဲ ပြန်ပြောလိုက်သည်။ Peteက ဘာမှမပြောဘဲ ဆန့်ဆနိ့ကြီးမတ်တပ်ရပ်နေသည်။

သူ့ကိုယ်သူ မလှုပ်ရှားသေးတဲ့ Pete ကို ကြည့်ဖို့ မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ပြီး Seven-Eleven ဝန်ထမ်းကို ဘဏ်ကဒ်ကို ပေးလိုက်သည်။

 VegasPete Special Character Where stories live. Discover now