Chapter 3(Part 1)

3.5K 160 54
                                    


Warning -  Harassment and violence

ဒီအပိုင်းက Vegas povပါနော်။ အရင်အပိုင်းတွေကကျ Pete povပါ။

"မင်းနဲ့ Kanငါ့ကို ကူညီရမယ်။ မဟုတ်ရင် ငါတို့အကုန် သေကုန်လိမ့်မယ်"Bigအခန်းထဲက ထွက်သွားတာနဲ့ သူ့ရဲ့လုပ်ရပ်ကြောင့် စိတ်ဆိုးနေတဲ့Vegasက ပို့လို့တောင် ဒေါသထွက်သွားရသည်။

Bigရဲ့ အဆင်ခြင်မဲ့ပြီး တခြားသူတွေကိုပါ သတင်းအချက်အလက်တွေရောင်းစားတဲ့ လုပ်ရပ်ကြောင့်
Vegasတို့စီစဉ်ထားတာအကုန်လွှဲချော်ကုန်သည်။ ပြီးတော့ အဲ့ဒါတွေက ငါတို့ကို ဖမ်းမိနိုင်မဲ့ သက်သေအထောက်အထားဖြစ်လာနိုင်သည်။ ကုမ္မဏီရဲ့ အကျင့်ပျက်ခြစားမူနဲ့ ပက်သက်တဲ့ အကြောင်းအရာတွေ ပျံ့နှံ့သွားနိုင်ပြီး ငါKinnကိုတလျှောက်လုံး သူ့နောက်ကျောကို ဓားနဲ့ထိုးနေတယ်ဆိုတာကို သိသွားနိုင်သည်။

"Fuck" ဒီအကြောင်းကို များများတွေးလေ Vegasပိုစိတ်ရှုပ်လာလေပဲ။ Big အရမ်းတုံးအတာပဲ! ငါဘာလို့ ဒီလိုငတုံးတွေနဲ့ ပေါင်းနေမိတာလဲ။ တခုခုမလုပ်ခင် ဘာကိုမှကြိုတင်စဉ်းစားမူကိုမရှိဘူး။ Tawanကလည်း အရူးတစ်ယောက်လို ရူးသွပ်စွာ လျှောက်လုပ်နေတယ်။

စားပွဲပေါ်က ရှိသမျှ အရာအားလုံးကို ဆွဲယူလွင့်ပစ်လိုက်သည်။ ဒီနေ့ လူတော်တော်များများက ငါ့ကို ခေါင်းကိုက်အောင် လာလုပ်နေတယ်။
ဂိုဒေါင်မှာတုန်းကလည်း Tawanက အရာအားလုံးရဲ့ တရားခံမှန်းသိကုန်တော့ Kinnရဲ့ လည်ပင်းကို ပြေးဖက်ပြီး  သူနဲ့အတူ ငရဲကိုဆွဲခေါ်သွားခဲ့ဖို့ ကြံစည်ခဲ့သေးသည်။ ငါက Kinnရဲ့ သတင်းအချက်အလက်တွေကို သူ့ဆီ ပို့ပေးနေခဲ့တဲ့သူလို့ Tawanက ပြောသွားခဲ့သည်။ဒီအချက်က ငါတကယ်ငြင်းမရတဲ့ အမှန်တရားတခုပဲဖြစ်သည်။(
KinnPorsche novelထဲမှာ ဒီအပိုင်းမလာခင် Porscheရဲ့ ညီ Porchayက အဖမ်းခံခဲ့ရပါတယ်။ Tawanက Porscheရဲ့ ညီ Porchayကို ဖမ်းခိုင်းပြီး လူတွေအများကြီးနဲ့ rapeခိုင်းဖို့တောင်စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ Porscheနဲ့ Kinn ပြီးတော့ သက်တော်စောင့်တွေက ရှာတွေခဲ့တာကြောင့် Tawanရဲ့ အစီအစဉ်က မဖြစ်မြောက်ခဲ့ပါဘူး။ Tawanရဲ့နောက်ကွယ်မှာတော့ Vegasကရှိနေပါသေးတယ်။ Vegasက Kinnရဲ့ သတင်းတွေကို Tawanဆီပို့ပေးပြီး Tawanကို Kinnအနားရောက်အောင် ပြန်ခေါ်လာပေးတဲ့လူပါ။ ဒီကြားထဲ အဖြစ်အပျက်တွေအများကြီးရှိပါသေးတယ်။ အဲ့ဒါကတော့ KinnPorsche novelကို အဓိကဖတ်ဖို့ သိပါလိမ့်မယ်။ Tawanက သူ့ရဲ့လုပ်ရပ်တွေပေါ်သွားတော့ Kinnကို ငါ့ကို ဒီအထိဆွဲခေါ်လာတဲ့သူက Vegasပဲဆိုပြီး Kinnကိုပါ စိတ်ဆွပေးခဲ့တာပါ။)

 VegasPete Special Character Where stories live. Discover now