Chapter 2(Part 3)

1.8K 159 30
                                    


"Sir Sir ရုပ်ရှင်ပြီးပါပြီ။"

Pete ပြင်းပြင်းထန်ထန် တုန်လှုပ်သွားတယ်။ ရုပ်ရှင်ရုံအတွင်းရှိ မီးရောင်များကြောင့် မျက်လုံးက စူးသွားပြီး အမြင်အာရုံကဝေဝါးသွားသည်။
အမြင်အာရုံ ငြိမ်သက်စပြုလာတာနဲ့ လှည့်ကြည့်လိုက်တော့အမှိုက်သန့်ရှင်းရေးဝန်ထမ်းမှလွဲပြီး မည်သူမှ မတွေ့ရတော့ပေ။ Pete မြင်လိုက်ရတာကို အံ့ဩသွားသည်။

Pete အိပ်ပျော်သွားခဲ့သည်။ ရုပ်ရှင်ပြီးသွားတဲ့အခါ Boss Vegasနဲ့ Boss Macau က ဘာလို့ ငါ့ကို မနှိုးခဲ့တာလဲ။ ဘာလဲ?! ငါရှက်သွားမိသည်။ ငါ့ပစ္စည်းတွေကို စစ်ဆေးပြီး ထိုင်ခုံပေါ်ကနေ ထလိုက်တော့  ငါ့ ညာလက်မောင်းပေါ်က မှတ်စုတိုလေးကိုမြင်လိုက်ရသည်။

'အိပ်မက်လှလှမက်ပါစေ :)' ဟူသော စာတန်းကို လက်ရေးဖြင့် ရေးခြစ်ထားသည်။ မှတ်စုတိုကို ကောက်ယူလိုက်ပြီး တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ ရုပ်ရှင်ရုံဝန်ထမ်းတစ်ဦး ယူဆောင်လာသောအမှိုက်အိတ်ထဲသို့ ပစ်ချလိုက်သည်။ Argh၊ Boss Vegas။ ဒီလူကတော့။ ဘုရားသခင်ကို ငါကျိန်ဆိုတယ်၊ ဒီမိသားစုတစ်ခုလုံးကငါ့အပေါ် အရမ်းလွန်လွန်းတယ်။

သေတာပဲ! ငါအခု Boss Vegas ကို တစ်ဖန် မျက်ခြေပြတ်သွားပြန်ပြီ။ ဒါပေမယ့် ဒီတစ်ခါတော့ သူအိမ်ပြန်သွားတာဖြစ်ရမယ်။ အိုး..ငါလည်းအိမ်ပြန်ရဦးမယ်။ ငါ့အိမ်မဟုတ်တဲ့ ငါတို့ရဲ့ ပြေးမလွတ်နိုင်တဲ့ကံကြမ္မာရှိတဲ့အိမ်ကိုပေါ့။

ရုပ်ရှင်ရုံထဲက ထွက်လာပြီး မျက်နှာကို သန့်စင်ဖို့ သန့်စင်ခန်းမှာ ရပ်လိုက်သည်။ အိပ်ငိုက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းများကို ပြေပျောက်စေရန် မျက်လုံးကို ပွတ်သပ်လိုက်သည်။ငါ့မျက်လုံးအောက်မှာ အညို‌ရောင်အကွင်းကြီး ဖြစ်ပေါ်နေသည်။ တစ်နေ့ကို လေးနာရီအောက်ပဲ အိပ်ရသည်၊ ပြီးတော့ နေ့တိုင်း ခေါင်းကိုက်ရသေးသည်။ ကျွန်တော့်ရဲ့ပုံစံကိုကြည့်ရတာ မကြာခင် လေ့ကျင့်ခန်းလုပ်ဖို့လိုပြီထင်သည်။

ရုပ်ရှင်စကတည်းက ပိတ်ထားတဲ့ ဖုန်းကို ဖွင့်လိုက်ပြီး စစ်ကြည့်လိုက်သည်။ ငါဖုန်းပိတ်ထားတာ သုံးနာရီတောင်ရှိပြီ။

 VegasPete Special Character Where stories live. Discover now