10

84 5 0
                                    

ဘုန်း!!!!

စီရီထားသောထိုင်ခုံအစုတ်တွေဆီဆောင့်တွန်းခံလိုက်ရသော Chen။

"Hyung.....တောင်းပန်ပါတယ် ကျွန်တော်လုပ်တာမဟုတ်ပါဘူး''

"မင်း တမင်သက်သက်Dadတို့ကိုကျောင်းခေါ်လာတာမလား!!! ဘယ်အချိန်ထိငါ့ကိုလိုက်နှောင့်ယှက်နေအုံးမှာလဲ!!! မင်းကိုယ်မင်းသတိမထားမိဘူးလား!! ငါဘယ်လောက်ပြောပြောမနာတတ်တာ တော်တော်စောက်မှတ်သည်းခြေမရှိတဲ့ကောင်ပဲ!!''

"Hyung.....''

"ဘယ်သူက မင်းHyungမို့ Hyungလို့ခေါ်နေရတာလဲ!!!''

ခွပ်~

Chenနှုတ်ခမ်းနားရှိသွေးစကိုသုတ်ကာ တိုးဖျော့စွာမေးလိုက်သည်။

"ကျွန်တော်က...တကယ်ပဲ....Chanyeolရဲ့ညီအရင်းမဟုတ်ဘူးလား''

သူအနည်းငယ်တော့တွေဝေမိသွားသည်။

ငယ်ငယ်တည်းကChenကသူ့ညီအရင်းမဟုတ်ကြောင်းအမြဲတမ်းပြောဆိုနေတတ်ပေမယ့် တကယ်တမ်းသက်သေပြစရာဘာမှမရှိ။

သူတို့နဲ့မတူတဲ့အရပ်ကြောင့်လား
ဒါဟာပုံပန်းသွင်ပြင်တစ်ခုအပြင်မပိုတာကို

သူနဲ့ပေါင်းလို့မရတဲ့စရိုက်ကြောင့်လား သူဆိုးသမျှလိုက်မဆိုးဘဲလိမ္မာနေလို့လား

မသိ​တော့ဘူးကွာ

"မသိဘူး! ငါအဲ့တာတွေလည်းမသိချင်ဘူး! ငါကမဟုတ်ဘူးဆိုမဟုတ်ဘူးပဲ မင်းဘာမှအထွန့်မတက်နဲ့! အေး...ပြီးတော့ တစ်ခုပြောလိုက်မယ် Sooနဲ့ဝေးဝေးနေ
မင်းအနားမှာSooရှိတာငါမကြိုက်ဘူး Sooနဲ့ပတ်သက်ဖို့မကြိုးစားနဲ့''

"ကျွန်တော်နဲ့Sooနဲ့ကသူငယ်ချင်းပါ''

"Hak! သူငယ်ချင်း!''

လှည့်ထွက်သွားသောHyung၏ကျောပြင် ကျယ်ကို ကြည့်ကာထိုနေရာမှာပင်အတွေးတွေထဲနစ်မြောနေခဲ့သည်။

သူတကယ်ပဲDaddyတို့ရဲ့သားအရင်းမဟုတ်ဘူးလား

Chen တစ်နေ့လုံးအတန်းထဲမသွားဘဲ Basketballကွင်းရဲ့ နောက်ဆုံးတန်း ထောင့်အကျဆုံးခုံမှာထိုင်ကာ အကြာကြီးတွေးတောနေခဲ့သည်။

FROM HATE Where stories live. Discover now