1

417 19 3
                                    

"Dad! ကျွန်​​တော်​Koreaမသွားဘူး"

"မရဘူး ဒါငါအမိန့်​ပဲ!"

"မသွားဘူးဗျာ လုံးဝမသွားဘူး ဒီမှာအဆင်​​ပြေ​နေတာကိုဘာလို့Koreaသွားရမှာလဲ? မသွားဘူး"

"မိဘကသွားခိုင်းရင်​သွား​ပေါ့! မင်းဘာမှအရစ်​မရှည်​နဲ့! ဒီမှာမင်းချိုး​နေတဲ့အချိုးကိုကြည့်​စမ်း! မင်းကိုယ်​မင်းက​လေက၀အုတ်​ကြားမြက်​​ပေါက်​များထင်​​နေလား! မင်းကWuမျိုးရိုးကဆိုတာလည်းသတိရအုံး! ငါ့companyကိုလွှဲယူမယ့်​​ကောင်​ကဒီလိုအချိုးမျိုးနဲ့ဆို ငါကဘာယုံကြည်​ပြီးလွှဲရမှာလဲ! သွား! အခုချက်​ချင်းအထုပ်​ပြင်​! Koreaမှာကိုယ့်​အကျင့်​​တွေအကုန်​ပြင်​ဖို့လုပ်​!! ပြီးတာနဲ့အဲ့ဒီ့ကငါ့companyခွဲကိုဦးစီးရမယ်​ ဒါပဲ!!"

ဆံပင်​အနီ​ရောင်​တို့ကိုဆွဲဖွကာတဒုန်းဒုန်းဖြင့်​အိမ်​အ​ပေါ်ထပ်​သို့တက်​သွား​သောသူ။

ဒေါသထွက်​​နေ​သောအ​ဖေနှင့်​အစ်​ကိုကြားငြိမ်​ငြိမ်​​လေး​နေကာ​ခေါင်းငုံ့​နေ​သောသူ။

သားအဖနှစ်​​ယောက်​အားသက်​ပြင်းတချချဖြင့်​ကြည့်​​နေ​သောသူ။

"ရှင်​ရယ်​~က​လေးကို​အေး​အေး​ဆေး​ဆေးနားချပြီး​ပြောပါ အခု​တော့...."

"မင်းဘာမှဝင်​မ​ပြောနဲ့ မင်းအဲ့လိုကာဆီးကာဆီးလုပ်​​နေလို့ အဲ့​ကောင်​ကဘာမှမ​ကြောက်​ဘဲထင်​ရာစိုင်း​နေတာ"

"ရှင်​ကYeollie​လေးကိုပဲအပြစ်​မြင်​​နေတာကိုး က​လေးကိုဆိုအမြဲအ​ကောင်းကိုမမြင်​တာ"

"​တော်​​တော့! မင်းဘာမှမ​ပြောနဲ့​တော့ အား​နေရင်​လည်းက​လေး​တွေအထုပ်​ပြင်​ဖို့သွားကူ​ပေးလိုက်​"

Taoလည်း​ပြောမရတဲ့အဆုံးက​လေး​တွေအခန်းဆီသို့သာ။

✈ ✈ ✈ ✈ ✈ ✈

{Incheon Airport}

"Wow~"

"Hak~​တောသားမြို့​ရောက်​ကျ​နေတာပဲ"

လှောင်​ရယ်​သံဖြင့်​​ပြောပြီးအသင့်​လာ​ခေါ်​သောကား​ပေါ်တက်​သွား​သောသူ။

FROM HATE Where stories live. Discover now