3

77 8 1
                                    

ဧည့်​ခန်းထဲတွင်​TVကြည့်​​နေစဉ်​​ဘေးတွင်​ကျလာ​သောအရိပ်​​ကြောင့်​​မော့ကြည့်​လိုက်​မိသည်​။

"ဘာ...ဘာလိုလို့လဲ?"

"ငါ​ရေခဲမုန့်​စားချင်​တယ်​ သွားဝယ်​ ​ရော့~ပိုက်​ဆံ"

"ဟို....ဟို​လေ...ဒီနားမှာ...အဲ့တာမျိုး​ရောင်းတဲ့ဆိုင်​...."

"ရှိရှိမရှိရှိရှာဝယ်​ခဲ့ဟာ အ​ရေးကြီးတာငါဒီ​နေ့ည​ရေခဲမုန့်​စားရဖို့ပဲ မြန်​မြန်​သွား!!"

အ​နောက်​မှအိမ်​​တော်​ထိန်းကြီးက၀င်​​ပြောသည်​။

"ဟို...အကို​လေး...ကျွန်​​တော်​သွားဝယ်​​ပေးလို့ရမလား? Chennie​လေးကဒီက​နေရာ​တွေလည်းသိ​သေးတာမဟုတ်​ဘူး​လေ...မိုးကလည်းချုပ်​​နေပြီဆို​တော့...."

"မလိုချင်​ဘူး! သူမသိရင်​ဘယ်​နားရှိတယ်​ဆိုတာ​ပြောပြလိုက်​! ပြီး​တော့...ဘာလဲChennie? ခင်​ဗျားကိုဘယ်​သူက​ခေါ်ခွင့်​ပြုထားလို့လဲ!"

"ကျွန်​...​တော်​..ပါ"

"မင်းက? Hak....အပိုအလုပ်​​တွေဆိုအရမ်းလုပ်​တယ်​ သွား!!! မြန်​မြန်​သွားဝယ်​!!"

"Nae"

Chenလည်းအိမ်​​တော်​ထိန်းကြီးညွှန်​​ပေးတဲ့လမ်းထိပ်​က24hrsMartအ​သေးစား​လေးဆီထွက်​လာခဲ့သည်​။လမ်းထိပ်​ထိ​ရောက်​ဖို့ကလမ်း​တော်​​တော်​​လျှောက်​ရသည်​။ညဘက်​ဆို​တော့​လေကလည်းအတန်​အသင့်​​အေးသည်​မို့​​သွေးပူ​အောင်​မ​နှေးမမြန်​​ပြေးလာလိုက်​သည်​။

"​ကျေးဇူးတင်​ပါတယ်​ရှင့်​"

"​ကျေးဇူးပါ"

ဝန်​ထမ်းမ​လေးအားခွန်းတုံ့ပြန်​ပြီးဆိုင်မှအထွက်​သူ့နီးတူ​ဘေးမှထွက်​လာ​သောတစ်​​ယောက်​ကိုသတိထားကြည့်​မိ​တော့~

"Soo?"

"Chen?"

"Annyeong"

"Annyeong~မုန့်​လာဝယ်​တာလား?"

"Omm~Soo​ရော?"

"Omm~အဆာ​ပြေစားဖို့လာဝယ်​တာ"

နှစ်​​ယောက်​အတူတူလမ်း​လျှောက်​ရင်းစကား​ပြောလျက်​~

FROM HATE Where stories live. Discover now