5

88 8 0
                                    

"နာမည်​ဘယ်​လို​ခေါ်လဲ?"

"ဟမ်​?"

"ကျစ်​!နာမည်​အပြည့်​အစုံဘယ်​လို​ခေါ်လဲ​မေး​နေတာ​လေကွာ!"

စိတ်​မရှည်​စွာတင်းမာလာတဲ့Chanyeolအသံ​ကြောင့်​Soo​နောက်​သို့​ခြေတစ်​လှမ်းဆုတ်​မိသွားသည်​။

"Sorry"

"Lee Do Sooပါ"

"ဘယ်​မှာ​နေလဲ?"

"ဟို...ဟိုဘက်​..."

"ထား​တော့ Chenနဲ့ဘယ်​လိုသိလဲ?"

"သူငယ်​ချင်း​တွေပါ"

"သူငယ်​ချင်း? Hak~"

Sooအံ့သြသွားသည်​။Chenနဲ့သူငယ်​ချင်း​တွေပါဆိုတာကရယ်​စရာပါလို့လား။

"ငါတို့ပတ်​သက်​မှုကိုဘယ်​သူ့ကိုမှပြန်​မ​ပြောဘူးလို့ယုံကြည်​တယ်​ မင်းပြန်​လို့ရပြီ"

သူ​ပြောချင်​တာ​ပြောပြီးအိမ်​ထဲဝင်​သွား​သောသူ​ကြောင့်​Sooခြံ​ရှေ့မှာ​ကြောင်​​တောင်​​တောင်​နဲ့ရပ်​​နေမိသည်​။

ငါ...သူ့ကို​ကြောက်​​နေမိတာလား

ဖြစ်​နိုင်​ပါတယ်​။သူတို့နှစ်​​ယောက်​ရဲ့​တွေ့ဆုံမှုတိုင်းက​ကောင်းခဲ့တာမှမဟုတ်​တာ။

ဟူး~

Chanyeolမိမိအခန်းထဲထိ​ရောက်​လာပြီးမှသက်​ပြင်းခိုးချရသည်​။

ဘာလို့နှလုံးကအဲ့​လောက်​ခုန်​​နေရတာလဲ...ကြားသွား​တော့မလို့.....

သူနဲ့စ​တွေ့တဲ့​နေ့တည်းကအဲ့လိုဖြစ်​နေတာ။သူ့ကိုယ်​သူ​တောင်​ဘာဖြစ်​​နေမှန်းမသိ​တော့ဘူး။

နားကြပ်​တပ်​ပြီးတစ်​လှမ်းချင်းစီတအိအိနဲ့သွား​နေတဲ့​ကောင်​မ​လေးတစ်​​ယောက်​။ဘယ်​​လောက်​ဟွန်းတီးတီးမကြားဘူး။ဒေါသကိုမထိန်းနိုင်​​တော့တဲ့အချိန်​ထိပ်​တိုက်​​ပြောရန်​ကား​အောက်​ဆင်းလာခဲ့သည်​။

ထို​နေ့ကကား​ပေါ်ကမဆင်းလာခဲ့ရင်​​ကောင်းသား။ထိပ်​တိုက်​​တွေ့ဖို့မဆုံးဖြတ်​လိုက်​ရင်​​ကောင်းသား။ဘေးကိုကပ်​​ရှောင်​ပြီးထွက်​သွားလို့ရရက်​သားနဲ့ဘာလို့သူအဲ့လိုမလုပ်​ခဲ့တာလဲဆိုတာသူကိုယ်​တိုင်​လည်းနားမလည်​ဘူး။

FROM HATE Where stories live. Discover now