7

80 6 4
                                    

တစ်​ညလုံးအသည်းအသန်​ငို​ကြွေးမှုရဲ့ရလဒ်​က​မနက်​ကျ​နေမ​ကောင်းဖြစ်​၍​ကျောင်းမသွားနိုင်​ခြင်း။

T:"Chennie...ဘာလို့ဆင်းလာတာလဲ? Mommyယူလာမှာ​ပေါ့"

C:"Mommy....Hyung​ကော?"

T:"Yeollieကသူ့အခန်းထဲမှာ​လေ ဘာလို့လဲ?"

C:"Hyung​ရော​နေ​ကောင်းရဲ့လား?"

T:"အဖျား​တော့မရှိဘူးChennieရဲ့....ဒဏ်​ရာသက်​သာဖို့ပဲ​စောင့်​ရမှာ လာ....ဆန်​ပြုတ်​လာစား"

C:"Mommy.....Daddy​ကော?"

T:"မသိဘူး"

C:"ဟင်​....ရန်ဖြစ်​ထားကြတာလားဟင်​? အဲ့လိုမလုပ်​ပါနဲ့Mommyရယ်​....Daddyကိုစိတ်​မဆိုးပါနဲ့​နော်​"

T:"Chennie!! မင်းDaddyဘက်​က​နေ၀င်​​ပြော​ပေးမ​နေနဲ့! ကိုယ့်​သားတစ်​​ယောက်​လုံးကိုစွန့်​လွှတ်​မယ်​လို့​ပြောတဲ့သူ့ကိုMommyခွင့်​လွှတ်​မှာမဟုတ်​ဘူး ပြီး​တော့သူဘယ်​သွားလဲMommyတကယ်​မသိဘူး မ​နေ့ညတည်းကထွက်​သွားပြီးပြန်​မလာတာ ကိုယ့်​ဘာသာစားစရာရှိတာစား....ပြီးရင်​​ဆေး​သောက်​ပြီးအနားယူ....Yeollieကို​ဆေးသွားလိမ်း​ပေးလိုက်​အုံးမယ်​"

သူဟာတကယ်​မ​ကောင်းတာပဲ.....

Hyungအရိုက်​ခံရ​အောင်​လုပ်​မိတယ်​.....

Daddy​ဒေါသထွက်​ပြီးအိမ်​ကထွက်​သွား​အောင်​လည်းလုပ်​မိတယ်​.....

Mommyနဲ့Daddyရဲ့ဆက်​ဆံ​ရေးကိုပါဆိုးရွား​စေပြန်​သည်​......

သူကဘာလဲ.....

အမြဲအိမ်​မငြိမ်းချမ်း​အောင်​လုပ်​​နေမိတာလား......

သူကဂြိုလ်​ဆိုးလား.....

သူကအ​နှောင့်​အယှက်​တစ်​ခုများဖြစ်​​နေမလား......

ငယ်​ငယ်​တည်းက​သေမယ့်​အ​ရေး​သေသွားပါလား.....ဘာလို့ပြန်​ရှင်​လာတာလဲ.....

"Chennie....ငို​နေပြန်​ပီလား? တိတ်​ပါ​တော့က​လေးရယ်​ သားအမှား​တွေမှမဟုတ်​ပဲ"

"Chennieအပြစ်​​တွေပါArjushi....အ​ပေါ်တက်​​တော့မယ်​"

"မနက်​စာမစား​တော့ဘူးလား?"

FROM HATE Where stories live. Discover now