8

118 4 1
                                    

Momသူ့ဆီလာ​တော့Chenရဲ့သူငယ်​ချင်း​ကောင်​မ​လေးတစ်​​​ယောက်​လာသည်​ဆို​သောသတင်းကိုအပါယူလာ၍ထို​ကောင်​မ​လေးသည်​​သေချာ​ပေါက်​သူမဖြစ်​မည်​လို့သာယုံကြည်​ကာတစ်​ခါမှမသွားခဲ့ဖူးသည့်​Chenအခန်းဆီသူ​ရောက်​လာခဲ့သည်​။

ရောက်​​ရောက်​ချင်းမြင်​လိုက်​ရတဲ့မြင်​ကွင်းကသိပ်​​တော့အဆင်​မ​ပြေလှ။မဟုတ်​....​တော်​​တော်​ကိုအဆင်​မ​ပြေတာဆိုလျှင်​ပိုမှန်​လိမ့်​မည်​။

သူ့ရင်​ထဲကနာ​နေသည်​။
စိုးရိမ်​​နေသည်​။
ဒေါသထွက်​​နေသည်​။
ပေါက်​ကွဲပစ်​လိုက်​ချင်​သည်​။
သို့်သော်​....သူဒီတိုင်းရပ်​​နေမိသည်​။

Chenနိုးလာ၍သူတံခါးကိုသတိမထားမိ​အောင်​အမြန်​ပိတ်​လိုက်​သည်​။အခန်းဝက​နေ​တော့ထွက်​မသွားဖြစ်​​သေး။

"Soo~​ရောက်​​နေပြီလား....sorry...ခဏအိပ်​​ပျော်​သွားတယ်​"

"မဟုတ်​တာ...Sooကသာ​တောင်းပန်​ရမှာ...အိပ်​​နေတာကို​နှောင့်​ယှက်​သလိုဖြစ်​သွားတယ်​"

"မဟုတ်​ပါဘူး...ငါကသာနင့်​ကို​တောင်းပန်​ရမှာ...ဒီထိတကူးတကလာ​ပေးတာကို"

"​တော်​ပါပြီ ​ရော့~ဆန်​ပြုတ်​အရင်​​သောက်​လိုက်​"

"နင့်​လက်​ရာလား"

"ဒါ​ပေါ့"

ဆန်​ပြုတ်​တစ်​ဇွန်းကိုယူကာပါးစပ်​ထဲအထည့်​နှုတ်​ခမ်းကအနာ​ကြောင့်​စပ်​သွားသည်​။

"အာ့!"

"ရလား....အဆင်​​ပြေလား"

"ရတယ်​....နည်းနည်းစပ်​သွားလို့"

"နှုတ်​ခမ်းမှာထိထားတာကိုး...​ဆေးရှိလား"

"မသိဘူး...ရတယ်​...ထားလိုက်​ပါ....ရ​အောင်​စားလိုက်​မယ်​"

"စား....စားပြီးရင်​​ဆေးထည့်​​ပေးမယ်​"

"ရပါတယ်​"

"စားပြီးရင်​​ဆေးထည့်​မယ်​ ဘာမှပြန်​မ​ပြောပါနဲ့"

"Nae"

"ဟားဟား....ဟားဟား..."

Chenရဲ့ရိုရိုကျိုးကျိုးပြန်​​ပြောတဲ့အသံ​ကြောင့်​Sooအားရပါးရရီ​နေ​လေရဲ့။

FROM HATE Where stories live. Discover now