' ကော်ကော် .... မီးမီး ကို ရေခဲမုန့် လိုက်ဝယ်ကျွေး...'
ရှောင်းကျန့် သူ အိမ် ပြန်ရောက်တာနဲ့ လက်ထဲက အိတ်တောင် မချရသေးဘူး၊ သူ့အနား လာပြီး ရေခဲမုန့် လိုက်ဝယ်ကျွေးခိုင်းနေတဲ့ မီးမီး ကြောင့် ....
' မီးမီးကလည်း ကော်ကော် ခုမှ အပြင်က ပြန်လာတာလေ။ မီးမီး မား ကော ဘယ်သွားလို့လဲ။'
' မားက အပြင် ထွက်သွားတယ်။'
' ဪ .... အဲ့ဒါကို ကလေးကို မခေါ်သွားဘူး။'
' မီးမီးက မလိုက်တာ။ ကော်ကော် ကို စောင့်နေတာ။'
ရှောင်းကျန့် သိလိုက်ပြီ။ သူ့ အမေနဲ့ဆို သူ စားချင်တဲ့ ရေခဲမုန့်တွေဆို စားရမှာ မဟုတ်ဘူးလေ။ အလည်လေး .....
' ကော်ကော် ခနလေး နားအုံးမယ်လေ နော်....'
' ဖွားဖွား ရေ .....'
' အာ .... မခေါ်နဲ့။ လိုက် ဝယ်ကျွေးမယ် ဟုတ်ပြီလား။'
ရှောင်းကျန့် သူ ဒီနေ့ အိမ်ထောင်ဖက် သွားတွေ့ပြီး အလုပ်ကို ပြန်မသွားပဲ အိမ်ကို စောပြန်ခဲ့တာ ဖြစ်တယ်။ အဲ့ဒါကြောင့် ခါတိုင်းလို သူ ပြန်လာရင် အခြေနေ မေးတတ်တဲ့ မား က စောင့်မနေခဲ့တာ။
အဲ့ဒါကို သိနေတဲ့ မီးမီးက သူ့ အညှာကို ကိုင်လိုက်တာပဲ ဖြစ်တယ်။ အဲ့ဒါသာ ကြည့်တော့ သူ အိမ်ထောင်ဖက် အကြိမ်ရေ ဘယ်လောက်တောင် သွားတွေ့ခဲ့ရတယ်ဆိုတာ။
' ကဲ .... လာ လိုက်ပို့မယ်။ စက်ဘီးနဲ့ သွားချင်သေးလား။'
' ဟင့်အင်း။ ကော်ကော် ကျောပိုးသွား။'
ရှောင်းကျန့် မီးမီးကို ကျောပိုးရင်း လမ်းထိပ်မှာ လာဖွင့်ထားတဲ့ စတိုးဆိုင်ကို ကျိန်ဆဲလိုက်တယ်။ နေရာ ဒီလောက်များတာကို ဘာလို့ သူတို့ရပ်ကွက်မှာ လာဖွင့်ရတာလဲ မသိဘူး။
~~~~~~~~
ရိပေါ် ရုံးပြန်ရောက်တော့ ...' ဆရာ ... ခုနက ကန်ထရိုက်တာ လာသွားပါတယ်။'
ရိပေါ် သူ ရုံးခန်းထဲ ဝင်ခါနီး အသိပေးလာတဲ့ အတွင်းရေးမှုးကြောင့် ....
' ဟုတ်လား။ ပြန်မချိန်းထားလိုက်ဘူးလား။'
' ဟုတ်ကဲ့။ မချိန်းမိပါဘူး။ ကျမက ဆရာ ရုံးပြန်လာမယ် မထင်လို့ပါ။'
YOU ARE READING
Blind Date ( Completed )
Fanfictionမတော်တဆ တွေ များလာတဲ့အခါ ... အမှန်အကန်တွေ ဖြစ်လာတတ်လား။ Full credit for cover photo မတော်တဆ တွေ များလာတဲ့အခါ ... အမှန်အကန်တွေ ဖြစ်လာတတ်လား။ No. 9