' ရှောင်း .... မနက်က နင့် ဖုန်း ခန ခန လာနေတာ ရိပေါ် ဆိုတဲ့ လူ ဆက်တာမလား။'
' အင်း ....'
ရှောင်းကျန့် လန်ဟွားကို ဆက်လှိမ့်လို့ မရတော့ဘူးဆိုတာ သိလိုက်တာကြောင့် အမှန်တိုင်း ဝန်ခံလိုက်ရတော့သည်။
' နင် သူ့ကို ပြန်ကျေအေးပေးလိုက်ပြီလို့တော့ မပြောနဲ့နော်။'
' မကျေအေး ပေးရသေးပါဘူး။ သူ ... သူကတော့ ငါ့ကို ချစ်တယ်လို့ ပြောထားတယ်။'
လန်ဟွား ဘေးကနေ ကြည့်တာတောင် ရှောင်း ရဲ့ နားရွက်တွေ နီနေတာ မြင်ရတယ်။ အဲ့ဒါကို မကျေအေးပေးရသေးဘူး တဲ့ .... ချစ်တယ် ပြောတာနဲ့ အဲ့လောက် ရှက်နေတဲ့ လူက။
' အဲတော့ .... နင်က ဘယ်တော့ အဖြေပေးမယ် ပြောထားတာတဲ့လဲ။?
' အာ ... ချက်ချင်း မပေးပါဘူး။'
' ပေးတော့ ပေးမယ်ပေါ့။'
' အဟင်းးး နင်လည်း သူ့အပေါ် ထားတဲ့ ငါ့စိတ်ကို သိနေတာပဲ။'
' သိတယ်။ သိတယ်။ နင် သူနဲ့ ကျန်ခဲ့ပြီး စကားရပ်ပြောကတည်းက သိသွားတာ။ မူတောင် မမူနိုင်ရှာတော့ဘူး။ ဟိုက ဖုန်းလေးဆက် တောင်းပန်တာနဲ့ ကောက်ကောက်နေအောင် ပါသွားတာ။'
' ငါ သူ့ကို ချစ်တာကိုး။'
' အေးပါ ချစ် ချစ်။ နောက်တစ်ခါ လွမ်းဖျား ဖျားတယ် ပြောရင် ဆေးခန်း လိုက်ပို့ဖို့ ငါ့ကို လာမခေါ်နဲ့။'
' နင် ငါ့ကို ပစ်ထားရက်ရင်လည်း ပစ်ထားလိုက်ပေါ့။'
' တင်း တင် တင်း တင် ....'
ထိုစဉ် ဖုန်းလာတဲ့ အသံကြောင့် ရှောင်းကျန့် လက်တစ်ဖက် ကားမောင်းရင် ကျန် လက်တစ်ဖက်နဲ့ ဘောင်းဘီအိတ်ထဲက ဖုန်းကို နှိုက်လိုက်သည်။
' နင့်လူ ပဲလား။'
' မဟုတ်ဘူး။ ဆွမ်းယန့် ... ဘာကိစ္စလဲ မသိဘူး။ ရော့ နင် ကိုင်လိုက်။'
လန်ဟွား ညီမ ဖုန်းကျတော့ သူ့ကို ထိုးပေးလာတဲ့ ရှောင်း ကြောင့် မျက်စောင်း နာနာ ထိုးပေးလိုက်သည်။
လန်ဟွား မြည်နေသေးတဲ့ ဖုန်းကို ကိုင်လိုက်ပြီး speaker ပါ ဖွင့်လိုက်သည်။
YOU ARE READING
Blind Date ( Completed )
Fiksi Penggemarမတော်တဆ တွေ များလာတဲ့အခါ ... အမှန်အကန်တွေ ဖြစ်လာတတ်လား။ Full credit for cover photo မတော်တဆ တွေ များလာတဲ့အခါ ... အမှန်အကန်တွေ ဖြစ်လာတတ်လား။ No. 9