ပေကျင်း လေဆိပ်တွင် .....
' မား ... ကိုးရီးယားမှာ များများ ပျော်ခဲ့နော်။'
' အေးပါ။ ပြောစရာ တောင် မလိုဘူး။ အကုန် နေရာစုံကို လည်ခဲ့မယ်။'
ရှောင်းကျန့် ပျော်နေတဲ့ မား ကို ကြည့်ပြီး သူပါ ပြုံးနေမိသည် အထိ ပဲ။
' ကဲ မား သွားတော့ ဝမ်မား တောင် Check In ဝင်တော့မယ်။'
' အင်း မား သွားပြီ။ မိန်မိန် နဲ့ မီးမီးကို သားတို့ဆီမှာပဲ ခေါ်ရင် ခေါ်ထားလိုက်။'
' ဟုတ်ကဲ့ပါ။ မား စိတ်ချ လက်ချ သွား။ ဒီဘက်မှာ ဘာမှ စိတ်မပူနဲ့။'
' အင်း။ မား စိတ်ချလိုက်ပြီနော်။'
' ဟုတ်ကဲ့။'
ရှောင်းကျန့် check in ဝင်တော့မယ့် မား နဲ့ ဝမ်မား ကို တာ့တာ ပြလိုက်သည်။
ရှောင်းကျန့် ကိုကို့ကို ရှာကြည့်လိုက်တော့ သူ့ဘက်ကို ကျောပေးရပ်နေတယ်။ ဘာလုပ်နေတာလဲ...
ရှောင်းကျန့် ကိုကို့ အနားကို လျှောက်သွားလိုက်သည်။
' ကိုကို ...'
' ပေါင်ပေါင်း ...'
ဟင် ... ကောင်မလေး တစ်ယောက်။ ခုန ဝမ်မား ကို နှုတ်ဆက်မယ်ဆိုတာ ဒီကောင်မလေးနဲ့ စကား ပြောချင်နေလို့လား။
ရှောင်းကျန့် သူ ခေါ် လိုက်လို့ ကိုကို လှည့်လာတော့မှ ခုန ကိုကို ရပ်နေတာ ကောင်မလေး တစ်ယောက်နဲ့ စကား ပြောတယ်ဆိုတာ သိလိုက်သည်။
ရိပေါ် မား နဲ့ စကား ပြောနေတုန်း သူ နောက်ဆုံး Blind Date သွားခဲ့တဲ့ မိန်လိ နဲ့ ပြန်တွေ့ပြီး စကား ရပ်ပြောနေခဲ့ရတာ ဖြစ်သည်။
အခု မိန်လိက စကား အရင် လာပြောတာကြောင့် လူအများကြီး ရှိတဲ့နေရာမှာ မိန်းကလေး တစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာ အရှက်မခွဲချင်တာကြောင့် အလိုက်ထိုက် ပြန်ပြောပေးနေတာ ဖြစ်သည်။
သူ စကားဖြတ်နေပေမယ့် မိန်လိက ပြန် ပြန်ဆက်နေတာကြောင့် စိတ်တွေ ရှုပ်နေတုန်း ပေါင်ပေါင်း ခေါ်လိုက်တဲ့ အသံကြောင့် မိန်လိ နဲ့ စကား ပြတ်လို့ ရသွားမယ့် ခံစားချက်က ကမ္ဘာကြီး တစ်ခြမ်း အပိုင်ရလိုက်သလို ခံစားချက် မျိုးကို ဖြစ်သွားပါသည်။
YOU ARE READING
Blind Date ( Completed )
Fanfictionမတော်တဆ တွေ များလာတဲ့အခါ ... အမှန်အကန်တွေ ဖြစ်လာတတ်လား။ Full credit for cover photo မတော်တဆ တွေ များလာတဲ့အခါ ... အမှန်အကန်တွေ ဖြစ်လာတတ်လား။ No. 9