Ep - 19

2.1K 160 2
                                    

October 5 / YiZhan Wedding Day ~~~~

' ပေါင်ပေါင်း ... လာ ကိုယ် ရင်ကပ်ပန်း ထိုးပေးမယ်။'

ရှောင်းကျန့် တို့အခု မျက်နှာမှာ နည်းနည်း ပါးပါး ပြင်ပြီး ဝတ်စုံ ဝတ်နေကြတာ ဖြစ်သည်။

' ဟင် ... ဘာပန်းလေးလဲ အပွင့်လေးကလည်း သေးသေးလေးတွေနဲ့။'

' အဲ့ဒါ baby's breath လို့ ခေါ်တယ်။ ချစ်ခြင်းတွေ ပြည့်နေတဲ့ လူသား နှစ်ယောက်အတွက်ကတော့ ထာဝရ အချစ်လို့လည်း ခေါ်ကြသလို မင်း တစ်ယောက်ကိုပဲ သက်ဆုံးတိုင် ချစ်သွားမယ် ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ခေါ်လို့ ရသေးတယ်။'

' အဲ့ဒါကြောင့် အခု ကျနော်တို့ပွဲမှာ ဒီပန်းတွေပဲ သုံးထားတာလား...'

' မဟုတ်ဘူး။ ပွဲထဲမှာက prim rose ဆိုပြီး မင်း မရှိရင် ကိုယ်လည်း နေလို့မရဘူး လို့ အဓိပ္ပာယ် ရှိတဲ့ ပန်းတွေ ဆင်ခိုင်းထားတယ်။

အခုက ကိုယ်တို့ နှစ်ယောက်ရဲ့ ရင်ကပ်ပန်း သက်သက်ပဲ။'

' ကိုကို ရာ ... အဲ့လောက် လုပ်ဖို့ မလိုပါဘူး။ ကျနော်တို့ နှစ်ယောက် လက်ထပ်ခြင်း ဖြစ်မြှောက်ရင်ပဲ ကျနော့်အတွက် ပြည့်စုံပြီ။'

' အင်း အဲ့ဒါကြောင့် ကြီးကြီးကျယ်ကျယ် မလုပ်ချင်ဘူး ဆိုတဲ့ ပေါင်ပေါင်း သဘောအတိုင်း နှစ်ဖက်မိဘရယ်၊ ကိုယ်တို့ သူငယ်ချင်းတွေရယ်နဲ့ပဲ စီစဉ်ခဲ့တာပေါ့။ အခု ပန်းက ကိုယ် ပေါင်ပေါင်း ကို ဘယ်လောက် မြတ်နိုးလည်း ဆိုတာ သက်သေပြချင်ရုံ သက်သက်ပါ။

ကိုယ် ပေါင်ပေါင်းကို အရမ်းချစ်တယ်။'

' ကျနော်လည်း ကိုကို့ ကို အရမ်းချစ်တယ်။'

' ကဲ .... လာ သွားရအောင်။ အကုန်လုံး ရောက်နေလောက်ပြီ။'

သူတို့နှစ်ယောက် ထွက်လာတော့ ကား တံခါး အသင့်ဖွင့်ပြီး စောင့်နေတဲ့ လီမင် ကို တွေ့လိုက်ရသည်။

~~~~~~~~~~

' ရိပေါ်နဲ့ မင်းရဲ့ အကို ရည်းစား ဖြစ်တာ ကိုယ်တို့တောင် မသိလိုက်ရဘူး။'

' ဟုတ်တယ်။ ကျမလည်း သူဌေးနဲ့ ကျမ ခဲအို ဖြစ်လာမယ့် လူနဲ့က သူငယ်ချင်းဆိုတာ ဒီနေ့ပွဲမှ သိရတာပါ။'

Blind Date  ( Completed )Where stories live. Discover now