💌🐰 Morning ကိုကို ။ ထ တော့။ အာဘွား။
ရှောင်းကျန့် မနေ့ည သူ ဆင်း မတွေ့လို့ ကောက်တေး ကိုကို ကို မနက်စောစော စီးစီး ထပ် ကလိလိုက်သည်။
' ဟိ ... ဆက်ကောက်နေနိုင်အုံးမလား...'
ရှောင်းကျန့် ဖုန်းကိုင်ရင်း ပြန်လာမယ့် မက်ဆေ့ကို စောင့်နေပေမယ့် ၅ မိနစ်လောက်ထိ မရောက်လာပါ။ နာရီ ကြည့်လိုက်တော့ ၆ ခွဲ နေပြီ။ ဒီချိန်ထိ မ ထ သေးတာတော့ မဟုတ်လောက်ပါဘူး။
ရှောင်းကျန့် မက်ဆေ့ ထပ်မပို့တော့ပဲ ဖုန်းဆက်ကြည့်လိုက်သည်။
' ဟင် ..... မကိုင်ဘူး။ Silent လုပ်ပြီး အိပ်တာများလား။'
ရှောင်းကျန့် မက်ဆေ့ ထပ်ပို့ထားပြီး ရေချိုးဖို့ လုပ်လိုက်တော့သည်။
~~~~~~~~
ရိပေါ် ရေချိုးပြီး ထွက်လာတော့ ဖုန်း စခရင် အလင်းကျသွားတာကို မြင်လိုက်ရတာကြောင့် ယူကြည့်လိုက်သည်။
' ဟက် .... လေထဲက အာဘွားတွေကို ငါက ဘာလုပ်ရမှာလဲ။
ကောက်နေတာ မဟုတ်ဘူး။ ပေးလာတဲ့ အာဘွား က ဘယ်လောက် ကြီးကြီး ဒီတစ်ခါတော့ စိတ်ဆိုးမပြေပေးဘူး။ မှတ်လောက်အောင် ပစ်ထားလိုက်အုံးမယ်။'
ရိပေါ် ပေါင်ပေါင်းက ဖုန်းခေါ်ထားပေမယ့် ပြန်မခေါ်တော့ပဲ အလုပ်သွားဖို့ ပြင်ဆင်နေလိုက်တော့သည်။
~~~~~~~~
' ဘာာာာ .....'
' အာ ... လန်ဟွားရယ် ... ဖြေးဖြေး ပြောပါ။ အဲ့ဒါတွေကြောင့် နင့်ကို ကြိုက်မယ့် လူ မရှိတာ။'
' နင် နောက်လ လက်ထပ်မယ့် ကိစ္စကို ခုမှ သိရတဲ့ ငါက ဖြေးဖြေး ပြောနေလို့ ရမလား။'
' ငါကလည်း မနေ့ကမှ သူ့ကို ပြောလိုက်တာလေ။ ဒီနေ့ နင့်ကို လာပြောပြတာလေ။'
' ထားပါတော့။ နင်တို့က မမြန်လွန်းဘူးလား။'
' သူက ချက်ချင်းတောင် လက်ထပ် ချင်တာတဲ့။'
' အမလေးဟဲ့ .... ဖြစ်နေလိုက်တာ။'
' ပြီးရင် ငါ နောက်လ ၁၀ ရက်နေ့ထိ အလုပ် မလာဘူးနော်။ ဒီကြားမှာ နင် အရင်နားချင် နားထားလိုက်။'
YOU ARE READING
Blind Date ( Completed )
Fanfictionမတော်တဆ တွေ များလာတဲ့အခါ ... အမှန်အကန်တွေ ဖြစ်လာတတ်လား။ Full credit for cover photo မတော်တဆ တွေ များလာတဲ့အခါ ... အမှန်အကန်တွေ ဖြစ်လာတတ်လား။ No. 9