ရိပေါ် ရှောင်းကျန့်ကို ချော့ရမှာ ဖြစ်တာကြောင့် အိမ် ပြန်ရောက်တာနဲ့ အိမ်အပေါ်ထပ်ကို တန်းတက်သွားသည်။ ဒါပေမယ့် ....
' သား ... ဒီနေ့ နောက်ကျလှချည်လား။'
ရိပေါ် ဘယ်နားက ထွက်လာမှန်း မသိ တဲ့ မားက သူ့ကို ဆီး မေးလိုက်တာကြောင့် ခြေလှမ်းတွေ ပြန်ရုတ်လိုက်ရသည်။
' ဟုတ်တယ် မား။ မနက်ဖြန် ရှန်ဟိုင်း ရုံးခွဲသွားကြည့်ဖို့ လိုအပ်တာတွေ ပြင်ဆင်နေတာ။'
' ဪ .... သား ကိုယ်တိုင် သွားရမှာလား။'
' ဟုတ်တယ် မား။ သူတို့ကိုလည်း သွား မကြည့်တာ ကြာပြီလေ။ အဲ့ဒါကြောင့် ပြောစရာတွေ များလာလို့ သား ကိုယ်တိုင် သွားမှ ရတော့မှာ။'
' အင်းပါ။ အလုပ်လည်း လုပ် မား ကိုလည်း ချွေးမ ရှာပေးဖို့ မမေ့နဲ့။'
' မား ရာ ... အဲ့ဒါပဲ ပြောနေတော့မှာလား။ သား မှ သူတို့ကို သဘောမကျတာ။'
' ဪ ..... မကျဘူးဆိုတာနဲ့ပဲ ပြီးသွားမှာ မဟုတ်ဘူးလေ။ သား အဖွား လာရင် ပိုဆိုးမှာနော်။'
' ဟင် .... ဖွားဖွား လာမှာလား။'
' အင်း လာလည်မယ်တဲ့။ ရက်တော့ မသိသေးဘူး။ မား ကို မေးနေတာ သားမှာ ကြင်ဖက်တွေ့နေတာ ဘယ်လိုလဲ တဲ့ မဟုတ်ရင် သူ ရှာပြီး ခေါ်လာခဲ့မယ် တဲ့။
သား အဖွား ရှာပြီး ခေါ်လာရင် ပိုဆိုးမှာနော်။ အဲ့ဒါကြောင့် မား သား ကို ပြောနေတာ။'' ဟာ ... ကျနော် အိမ်ထောင်ပြုဖို့ ဘာလို့ အဲ့လောက် အရေးကြီးနေတာလဲ။'
' ကြီးရမှာပေါ့ မားတို့ မှာ မျိုးဆက်ဆိုလို့ သား ပဲ ရှိတာလေ။ ပြီးတော့ သား အခု အသက်က အိမ်ထောင်ပြုဖို့ နောက်တောင် ကျနေပြီ။'
' ယောကျာ်းလေးတွေက အသက် ၄၀ မှ ဘဝ စ တာပါ။ မား တို့ကပဲ ပြောနေတာ ကျနော့် သူငယ်ချင်းတွေဆိုလည်း ဘယ်သူမှ အိမ်ထောင်ပြုကြသေးတာ မဟုတ်ဘူး။'
' တော်ပြီ ... သား မရှာနိုင်ရင် မား စီစဉ်ပေးတာပဲ လက်ခံလိုက်တော့။ Blind Date တွေ ဘာတွေ လုပ်မနေတော့ဘူး။ တစ်ခါတည်း ပေးစားမယ်။'
' မား နော်။ အဲ့လို မလုပ်နဲ့ သား စိတ်မပါရင် ဘယ်သူ့မျက်နှာဖြစ်ဖြစ် ထောက်မှာ မဟုတ်ဘူး။'
YOU ARE READING
Blind Date ( Completed )
Fanficမတော်တဆ တွေ များလာတဲ့အခါ ... အမှန်အကန်တွေ ဖြစ်လာတတ်လား။ Full credit for cover photo မတော်တဆ တွေ များလာတဲ့အခါ ... အမှန်အကန်တွေ ဖြစ်လာတတ်လား။ No. 9