မိဘဆရာ ပူးပေါင်း ကလေးပညာကောင်း။
အတန်းပိုင် ဆရာက အဖွားနဲ့ဆွေးနွေးတယ်။ သူတို့နှစ်ယောက်ကို အဆောင်မှာနေခိုင်းဖို့။ Study အချိန်တွေက များလာပြီဖြစ်တဲ့အခါ အနီးကပ် စောင့်ကြည့် ပြင်ဆင်စေချင်တယ်။အဓိကကတော့ ကိုစာခင်လေး ရှောင်းကျန့်အတွက်ပေါ့ တက္ကသိုလ်ကောင်းကောင်း ဝင်နိုင်အောင်လို့ဖြစ်တယ်။ သူတို့နှစ်ယောက်လုံးကိုအဖွားကမေးတယ်။ ဘယ်တက္ကသိုလ် ဝင်နိုင်မလဲလို့။note bookမှာ ကြောင်ခြစ် တွေပဲရှိတဲ့ ဝမ်ရိပေါ်က အရင်ဖြေတယ်။
"ရှောင်းကျန့်......တတ်တာတတ်မှာ"
ယုံကြည်မှုတွေပြည့်နေတဲ့ ကိုစာခင်လေးက တော့ ဝမ်ရိပေါ်ကို ကြည့်ပြီး စီးပွားရေးမေဂျာလို့ ဖြေလိုက်တယ်။
အဖြေကိုကြားတဲ့အခါ အဖွားက ပြင်ဆင်စရာရှိတာ ပြင်ဆင်ခိုင်းတယ်။ပြီးရင် နှစ်ယောက်သားကို ကျောင်းကအဆောင်တွေ ပြောင်းပေးဖို့ လုပ်တယ်။ ကျောင်းအဆောင်မှာ သွားနေရမယ်ဆိုတဲ့အခါ ဝမ်ရိပေါ်မှာ အခက်တွေ့နေရတယ်။ သူရှောင်းကျန့်နဲ့ တစ်ခန်းတည်း ရပ့မလား။ ပြီးတော့ သူတို့ကိစ္စလေးကို လုပ်လို့ရောရပ့မလား။မလားပေါင်း အတွေးလေးတွေ နဲ့ ကောင်ဆိုးလေးဟာ မှုန်ကုတ်နေတော့တယ်။
"ရိပေါ်......ယူစရာရှိတာ စဥ်းစာအုံးလေ။ မှုန်ကုတ်နေတယ်"
ရိပေါ်မှာ သူ့အရှေ့မှာ တစ်ကုတ်ကုတ်နဲ့ ယူစရာရှိတာတွေထည့်နေတဲ့ ရှောင်းကျန့်ကိုပြောလိုက်တယ်။
"အသည်း.....ငါလွမ်းတယ်"
"ဟမ်"
မထိမတွေ့ဘူးတဲ့ နေရာမရှိတော့လောက်အောင် ပွင့်လင်းရင်းနှီးနေတဲ့အခါ ဝမ်ရိပေါ် ဘာကြောင့် မှုန်ကုတ်နေလဲ ရှောင်းကျန့် သိတယ်။ သူ ဝမ်ရိပေါ်ကို လှည့်မကြည့်ဘူး။ မသိချင်ယောင်ဆောင်လိုက်တယ်။ ဘာလို့ဆို သူ ခြသေ့ကို ချော့ရင် လက်သည်းကြားမှာ ဖွက်ထားပြီး ဖြေးဖြေးခြင်း စားခံရလိမ့်မယ်။
"ရှောင်းကျန့်..."
ဝမ်ရိပေါ်က အသံမထွက်လာတော့တဲ့ နောက်ကျောလေးကို တို့လိုက်တယ်။ သူရှောင်းကျန့်ကို ပြောထားတယ်။ အဲ့နေရာ ကို သုံးချင်တယ်လို့။ အခုတော့ ဘယ်နေရာမှ မသုံးရတော့မဲ့ အပြင် အသားတောင်ထိရပါတော့မလား။
YOU ARE READING
နွံ [Mud]
Fanfictionငါ တားစီးမရတာ ငါ့ရဲ့အချစ်ပဲ။ ဒါကြောင့် ခွင့်လွှတ်ပေးနိုင်မလား ရှောင်းကျန့်။ (This is Translation) Not my own But I like Yizhan Crazy wang yibo So. ..No war🙏🙏🙏🙏🙏