မနက်ခင်း အလင်းရောင်က အခန်းထဲကို ရောက်လာချင်းမရှိဘူး။ ခန်းစီးလိုက်ကာတွေကို ဖယ်ထားချင်းမရှိဘူး။ သူတို့ရဲ့ အိပ်ခန်းက ပကတိ အလင်းရောင်ပဲရှိနေတယ်။ ဝမ်ရိပေါ် ခေါင်းမကိုက်ဘူး ဆိုရင်တောင် သူ့ခေါင်းကလေးနေတယ်။ သူ့ရင်ခွင်ထဲမှာ အမြဲတမ်း ရှိနေတဲ့ အနွေးဓာတ်မရှိဘူး။ ဘေးနားကနေရာက အေးစက်နေတယ်။ ဝမ်ရိပေါ် အိပ်ယာဘေးကို လက်ပြန်တစ်ချက်ထိုးလိုက်တယ်။ သူဒီလိုမကြိုက်ဘူး။ ရှောင်းကျန့်ရဲ့ မပွင့်လင်းတဲ့ ပုံစံကိုမကြိုက်ဘူး။ သူချော့ပြန်ရင်လဲ သူကိုယ်ပဲ ပြန်ပတ်လာတယ်။ သူစိတ်ချမ်းသာမှ ဆိုပြီး။ ဝမ်ရိပေါ် လေးနေတဲ့ ခေါင်းကိုသယ်ပြီး တစ်ကိုယ်ရည် သန့်ရှင်းရေးလုပ်လိုက်တယ်။ ဒီနေ့သူ့အဝတ်အစားက တီရှပ် လက်ရှည်တစ်ထည်နဲ့ ကွာတားစတိုင်ပန်ဖြစ်တယ်။ သူဆင်းလာတာကို မြင်တဲ့အခါ အိမ်တော်ထိန်းက မေးတယ်။"မနက်စား...ပြင်ပေးရမလား.... သခင်လေး?"
သူအဲ့စကားကို ပြန်မပြောခင်း..သူ့ရဲ့bgကိုမေးလိုက်တယ်။
"ရှောင်းကျန့်ရော..."
"အကိုလေး....အိမ်တော်ကို မနက်ကသွားပါပြီ"
"သူ့အတန်း ဘယ်ချိန်စတာလဲ?"
ပုံမှန်ဆို ဝမ်ရိပေါ်က အစောနိုးပါတယ်။ မနက်ခင်းအတန်း မတတ်ခင်း လေ့ကျင့်ရေးလုပ်ရတယ်။ ဒီနေ့မှာ သူအိပ်ယာထနောက်ကျတယ်။
"၁၀နာရီ..ပါ"
"အိမ်ပြန်ခေါ်လိုက်.......ဒီနေ့ ကျနော် လေ့ကျင့်ရေးမဆင်းဘူး....ဆရာတွေကို လာစရာမလိုဘူးလို့ ပြောလိုက်"
"ကောင်းပြီ"
Bgကထွက်သွားတယ်။ ဝမ်ရိပေါ်က စောင့်နေတဲ့ အိမ်တော်ထိန်းကို မနက်စာပြင်ခိုင်းတယ်။
သူတို့စကား ပြောဖို့လိုပြီ။ ဘယ်ကနေစပြောရမလဲ။ ဘယ်လိုပြောရမလဲ။အခုချိန်မှာ ဝမ်ရိပေါ် ရှောင်းကျန့်ကို ဘယ်လို အလျော့ပေးရမလဲ ဆိုတာထက်....ဘယ်လိုကိုင်တွယ်ရမလဲ စဥ်းစားနေပြီဖြစ်တယ်။ရှောင်းကျန့်ရဲ့bgက ပြန်ရောက်လာတယ်။ ရှောင်းကျန့် ပါမလာဘူး။ bgကပြောတယ်။
"သခင်လေး.....အကိုလေးက....သခင်မလေးမန်ချီနဲ့ကျောက်အိမ်ကိုသွားရပါတယ်"
YOU ARE READING
နွံ [Mud]
Fanfictionငါ တားစီးမရတာ ငါ့ရဲ့အချစ်ပဲ။ ဒါကြောင့် ခွင့်လွှတ်ပေးနိုင်မလား ရှောင်းကျန့်။ (This is Translation) Not my own But I like Yizhan Crazy wang yibo So. ..No war🙏🙏🙏🙏🙏