ရှောင်းကျန့်ကတော့ ရှောင်းကျန့်ပါပဲ။ ငယ်ငယ်ထဲက စနစ်တကျနဲ့ ကြီးပြင်းခဲ့တယ်။ အခုထိလဲ သူဟာ ပုံစံပြောင်းသွားချင်မရှိဘူး။ ဆိုင်ကယ်နောက်ကနေ ဝမ်ရိပေါ်ရဲ့ ခါးကိုလက်တစ်ဖတ်ကနေ ဖတ်ထားတယ်။ တစ်ဖတ်က သူ့ရဲ့ ကျောင်းစာအုပ်တွေထဲ့ထားတဲ့ လွယ်အိတ်ကိုလဲ ထိန်းထားတယ်။ ဒီအရွယ်လူငယ်လေးတွေက ခပ်လန်းလန်း နဲ့ စတိုင်ထုတ် ရှိုးလုပ်ပြီး ကြွားတတ် ကြတာလေ။ အခုတော့ သူတို့နှစ်ယောက်က ဆိုင်ကယ်မောင်းတဲ့ကောင်လေးက အနောက်ကကောင်လေး အဆင်ပြေအောင် ဗုတ်စဗြဲနောင်နဲ့ ခက်လန်းလန်းဆိုင်ကယ်ကြီး စီးပြီး စာဂျပိုးလေးကို တင်ထားတယ်။"အသည်း.......ငါ......စာကြည့်ဆောင်မှာ စောင့်နေမယ်"
"အင်း.....စာကြည့်နေနော်"
ရှောင်းကျန့်က ညပိုင်းstudy အချိန်တွေလဲ မလွတ်ဘူး။ ပထမ အပိုင်း စာမေးပွဲက နောက်တစ်ပတ် ပထမနေ့မှာ စဖြေမှာ။ပုံမှန်ဆို ဒီနေ့ အတန်းအချိန်က မနက်ပိုင်းပဲ တတ်ရတဲ့နေ့။ ထူးချွန်းကျောင်းသားလေးက တစ်ရက်စောပြီး စာမေးပွဲဖြေရမှာမို့ ဒီနေ့ကိုလဲ ဆရာတွေက ပြင်ဆင်ပေးဖို့ခေါ်ထားတယ်။ တကယ်ဆို သောကြာညနေပိုင်းက အားလပ်ရက်ဖြစ်တယ်။ ဝမ်ရိပေါ်က အဲ့နေ့တွေဆို သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ချိန်းပွဲတွေလုပ်လေ့ရှိတယ်။ လူငယ်တွေလုပ်ကြတဲ့ တစ်ခုခုပေါ့။ အခုတော့ ဝမ်ရိပေါ်မှာ ဘာမှမလုပ်ရဲတော့ဘူး။ ဒီတပတ်လုံး အိမ်ပြန်နေပါပြီဆိုတည်းက အပြင်ခဏထွက်ရင်တောင် သေချာပြောပြပြီးမှ အရေးကြီးရင်တောင် ရှောင်းကျန့်ပါမှ သွားရတယ်။ သူစာကြည့် စားပွဲမှာထိုင်နေတယ်။ ရှောင်းကျန့် လုပ်ပေးထားတဲ့ noteတွေကို ကြည့်မှတ်နေလိုက်တယ်။
သူတော်တော်များများ မှတ်လို့ရနေတဲ့အချိန်မှာ သူ့ရှေ့ထိုင်ခုံကိုလူတစ်ယောက်ရောက်လာတယ်။
"ရိပေါ်.........စာတွေရနေပြီလား?"
သူ ဘယ်သူ့အသံလဲဆိုတာသိလိုက်တယ်။ ဒါကြောင့် ကြည့်စရာမလိုဘူး။ ပြန်ဖြေလိုက်တယ်။
"အင်း"
"အာ.......ရိပေါ်.....ငါ့ကိုလဲ ကြည့်ပါအုံး....။မင်းတို့နှစ်ယောက်က ပြန်သွားပြီးတည်းက ငါ့ကို အဆက်အသွယ်လဲမလုပ်ဘူး"
YOU ARE READING
နွံ [Mud]
Fanfictionငါ တားစီးမရတာ ငါ့ရဲ့အချစ်ပဲ။ ဒါကြောင့် ခွင့်လွှတ်ပေးနိုင်မလား ရှောင်းကျန့်။ (This is Translation) Not my own But I like Yizhan Crazy wang yibo So. ..No war🙏🙏🙏🙏🙏