ဝမ်လူကြီးမင်းကတော့ လုပ်ချလိုက်ပြီ။ ဝမ်ရိပေါ် အသက်ပြည့်ပွဲဆို ပြီးတော့ လာတဲ့သူတွေက နိုင်ငံရေး၊ စီးပွားရေး လုပ်ငန်းရှင်တွေကြည့်ပဲ။ ဒီလူငယ်လေး ဝမ်ရိပေါ်မှာ ဘယ်နေရာ နေရမှန်းကို မသိဘူး။ သူ့နားမှာ သူ့bgရှိတယ်။ သူ့အဖေ မိတ်ဆက်ပေးတဲ့ သူတွေက သူ့ကို ကောင်းချီသြဘာပေးတယ်။ လုပ်ငန်းရှင် တော်တော်များများလာ ကြတယ်။ သခင်လေး.... သခင်မလေးတွေလဲ ပါတယ်။ သူ့အဖေ ဒါမှမဟုတ် သူ့အမေ တွေရဲ့ မိတ်ဆက်ပေးမှု ကြောင့် ဝမ်ရိပေါ် နားမှာ ဝိုင်းနေတာပဲ။ ဒီအချိန် သူသိချင်တာက ရှောင်းကျန့် ဘယ်နေရာမှာ ရောက်နေလဲဆိုတာ။ သူတို့အိမ်ကထိ ဝမ်အိမ်တော်ကို လာတဲ့လမ်း တစ်လျောက်လုံး အီနေတဲ့ ကောင်လေးက အခုဘယ်နားမှာလဲ။"ရိပေါ်.......ဒါ....ကျောက်လူကြီးမင်း....ကျောက်ကျန်ချီတဲ့....."
ကျောက်လူကြီးမင်းရဲ့ အနောက်မှာ မိန်းမလှလေးတစ်ယောက်ပါတယ်။ သူနဲ့သက်တူရွယ်တူပဲ။ ချိုမြိန်တဲ့ အပြုံးလေးပြုံးပြနေတယ်။
"ဟုတ်ကဲ့....ကျနော်...ဝမ်ရိပေါ်"
သူ့ကို လက်ဆောင်အိတ် ပေးတယ်။ ထူတယ်။ မာကျောတယ်။ ပြောင်ချောချော ပစ္စည်းတစ်ခု။ သူ့အထင်အရဆို ရွှေချောင်းထင်တယ်။
"ဒါက...အန်ကယ်...သမီး....ကျောက်မန်ချီ"
ဝမ်ရိပေါ်က ရိုင်းတဲ့သူ မဟုတ်ပါဘူး။
"ဟုတ်ကဲ့....မန်ချီ"
သူတို့ လက်ဆွဲနုတ်ဆက်တယ်။ ဒီချိန်သူမပြုံးချင်ဘူး။ သူ့စိတ်ထဲ တွေ့ချင်တဲ့ သူက ဘယ်နားမှာ မှန်းကိုမသိဘူး။ စကားပြောနေတဲ့ ဝမ်လူကြီးမင်းနဲ့ ကျောက်လူကြီးမင်းကို လစ်လျူရှုပြီး မန်ချီကိုနုတ်ဆက်ခဲ့လိုက်တယ်။
"ကျနော်ကို.....ခွင့်ပြုပါအုံး....မန်ချီ...."
သူစားပွဲကထတယ်။ ဒါပေမဲ့ မန်ချီက အပြုံးမျက်နာလေးနဲ့ မော့ကြည့်ပြီ....ပြန်ပြောတယ်။
"ဝမ်ရိပေါ်.....မန်ချီကိုလဲ....အဖော်ခေါ်ပါအုံးလားဟင်"
မန်ချီရဲ့ တောင်းဆိုသံကြားတဲ့အခါ စကားပြောနေတဲ့ ကျောက်လူကြီးမင်းက ဝမ်ရိပေါ်ကို အကဲခတ်တဲ့အကြည့်နဲ့ ကြည့်တယ်။ ဝမ်လူကြီးမင်းရောပဲ။
YOU ARE READING
နွံ [Mud]
Fiksi Penggemarငါ တားစီးမရတာ ငါ့ရဲ့အချစ်ပဲ။ ဒါကြောင့် ခွင့်လွှတ်ပေးနိုင်မလား ရှောင်းကျန့်။ (This is Translation) Not my own But I like Yizhan Crazy wang yibo So. ..No war🙏🙏🙏🙏🙏