အပိုင်း ၃

1K 94 12
                                    


လူစုံလို့တဲ့။ ညစာချက်စားကြတာ။ဒီလိုပုံလား ။လူစုံတာ မမျှတဘူး။ ဝမ်ရိပေါ်က ရှောင်းကျန့်ကို အပူမခံရဘူးတဲ့။ ဒါကြောင့် စီစဥ်ညွှန်းကြားသူ ပဲလုပ်ဆိုပြီး။ ဝမ်းသာလို့မှမဆုံးဘူး။ ရှောင်းကျန့်က ဝမ်ရိပေါ်ကို ခိုင်းသလိုလိုနဲ့ ပိုင်စန်းကြည့်ပဲ အကုန်လုပ်နေရတယ်။ ဆလက်ရွက်လေး လှီးတာကအစ ဝမ်ရိပေါ်ကမလုပ်တတ်ဘူးဆိုပြီး သူ့ကိုလှီးခိုင်းတယ်။သူ့ဘာသူလုပ်ပါလား။ ဆိုတော့ ဝမ်ရိပေါ်က ဓားရှမှာဆိုးလို့တဲ့။ အဲ့လိုနဲ့ သူချက်မဲ့ဟင်းတွေလဲ အကုန် ရေလုံပြုတ် စွတ်ပြုတ်ဟင်းရည် ထဲပါကုန်တယ်။

"Wow. ....အသည်း မင်းသိပ်တော်တာပဲ"

ပိုင်စန်းမှာ ဟင်းရည်အိုးကြီးချပြီး။ ဘာတော်တာလဲ။ စီစဥ်ညွန်းကြားတာလား။ ဒီဟင်းလောက်တော့ သူလဲချက်တတ်တယ်။ ရေနွေးအိုးထဲ အကုန်ပစ်ထဲ့ထားတာများ။

"ရိပေါ်......ခေါက်ဆွဲထည့်ပေး"

အမယ် ခေါက်ဆွဲကျတော့ သူတို့နှစ်ယောက်စာတည်း။ တရာမျှတမှုမရှိဘူး ဒီညီအကိုက။

ပိုင်စန်းရဲ့မျက်နာကြီးက ရှစ်ခေါက်ကျိုးနေတာ။ သူတို့နှစ်ယောက်လုံးသိတယ်။ဝမ်ရိပေါ်ကတော့ အားမနာဘူးထင်ပါတယ်။ ရှောင်းကျန့်မှာ နဲနဲတော့ စိတ်မကောင်းဘူးပေါ့။ ဒါပေမဲ့ ဝမ်ရိပေါ်ကမှ မရတာ။

"ပိုင်စန်း......မင်းစားလေ"

"ဪ....အင်း "

သူမှ ရေလုံပြုတ်မကြိုက်တာ။ မအီမသာမျက်နာကြီးနဲ့ ခေါင်း​ငြိမ့်တယ်။

ဝမ်ရိပေါ်က မြန်မြန်စားတယ်။ စားပြီးသားသူတို့နှစ်ယောက်စာကို ရှောင်းကျန့်ကို မခိုင်းပဲ သန့်ရှင်းရေး လုပ်တယ်။ ပြီးတာနဲ့ ရှောင်းကျန့်ကို ကျောပေါ်တင်ပြီး ဒိုက်ထိုးတယ်။

"ရိပေါ်.......ရလို့လား.....ဗိုက်နာမယ်"

"မနာဘူး.....စားထားတာ အဆီတွေများတယ်"

ဒါဟာ ဝမ်ရိပေါ် ၁၅နှစ်သားလောက်တည်းက ။အသားများများ စားပြီးရင် ရှောင်းကျန့်ကို အနားထားပြီး လေ့ကျင့်ခန်းလုပ်လေ့ရှိတယ်။
ဝမ်ရိပေါ်နဲ့ရှောင်းကျန့်ရဲ့ ကြင်နာမှုတွေက ဘေးလူဖြစ်တဲ့ ပိုင်စန်းတောင် အားကျတယ်။

နွံ    [Mud]Where stories live. Discover now