များပြားလှသော မှူးမတ်သေနာပတိတို့ခြံရံလျက်၊ရွှေရောင်တဝင်းဝင်းဖြင့် တောက်ပလှသော ပလ္လင်ရှေ့ ဦးညွှန့်နေရသည်မှာ အချိန်အတော်ကြာမြင့်ချေပြီ။နန်းရင်ပြင်၌တီးတို့စကားပြောသံတို့ဟာလည်းဆူညံလျက်။
မကြာမှီ မှူးမတ်တယောက်ဆီက စကားသံကြောင့် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ဤသည်ကား......
"ဘုရင်မကြွချီလာပြီ ဦးထိုက်ကြလော့"
စကားသံအဆုံး မှူးကြီးမတ်ရာ သေနာပတိ စစ်သူကြီး အစရှိသည့် သူများအားလုံး
ပလ္လင်ရှေ့ ခါးကျိုးမတတ် ဦးညွှန့်ကြရ၏။
ထို့နောက်...."မော်ဖူးစေ"
ဩဇာညောင်းလှသည့် အသံကြောင့် ပလ္လင်ရှေ့ အကြည့်များစုသွားသည့်အခါ ခက်ထန်လှသော ဘုရင်မ၏မျက်နှာတော်အား မြင်တွေ့ကြရသည်။တိုင်းပြည်၌အလှဆုံးဖြစ်သော်ညား အလှအပထက် စစ်ရေးစစ်ရာကိုစိတ်ဝင်စားသဖြင့် မင်းလုပ်နေသည့်မိန်းမသားတယောက်ဖြစ်သည်။
"ညီလာခံစရအောင်"
"မောင်မင်းတို့ တင်ပြစရာများလျှောက်တင်ကြစေ""မှန်လှပါ အရှင်မဘုရား ကျွန်တော် မျိုးတို့တိုင်းဟာ အရှင်မရဲ့ ဘုန်းကံကြောင့် အပူအပင်မရှိ အေးချမ်းသာယာလှကြောင်းပါဘုရား"
"ဝန်မင်းကချီးမွန်းလွန်းနေပါပြီ "
"မှန်လှပါအရှင်မဘုရား ကျွန်တော်မျိုး
သက္ကရာဇ်လျှောက်ထားလိုပါသည်""စစ်သူကြီး ဘာများလျှောက်တင်လိုသလဲ "
"မှန်လှပါ ကျွန်တော်မျိုးတို့တိုင်းပြည်ဟာအင်အားကြီးမားလျက် နယ်မြေများကို အုပ်ချုပ်သူခွဲခြားခန့်အပ်ထားရတာအရှင်မ အသိပါ"
"အခုကျွန်တော်မျိုးလျှောက်တင်မှာက ယူဇနာ ကျေးရွာ မှ မြို့စားမင်းဟာ ရွာသူရွာသားများအား အခွန်ငွေ များစွာကောက်ခံနေကြောင်းပါ"
"ဒါ့အပြင်လည်း တောင်သူလယ်သမားများ ဟာသူတို့အဖိုးအခအတွက်ခေါင်းပုံဖြတ်ခံနေရကြောင်းပါ ဘုရား"စစ်သူကြီးသက္ကရာဇ်၏စကားကြောင့်ဘုရင်မမျက်နှာဟာခက်ထန်သွားလျက်။ဆိုးလွန်းသည်ကား ဝန်မင်းပင် ။
YOU ARE READING
"ရာဇဝင်ထဲက သဝဏ်လွှာ"
Romance"ငါဘုရင်မကမိန်းမသားတယောက်မို့ ခွဲခြားသတဲ့လားမောင်မင်းတို့"