အပိုင်း(၁၂)

3.9K 419 21
                                    

 " တူးးးးးးးဝါးးးးးး"

"ဟိဟိ ခစ် အာ..ယာ"

သလွန်ပေါ်၌ ကလေးငယ်အား ချော့မြူနေသည့်မိဖုရားကလေးသည် ချစ်စရာအတိ။ဒေဝီသခင် လက်ဖက်ရည် အားထိုင်သောက်ရင်းမိဖုရား အားအကြည့် မပြတ် စိုက်ကြည့်နေသည်။တနှစ်ကျော်ဟုထင်ရပေမယ့် ကလေးကအခုထိ သွားတချောင်းတောင်မပေါက်သေးပေ၊ဝဝကစ်ကစ်ကလေးမို့သာထိုအရွယ်ဟုထင်သွားရသည်။လက်သေးသေးကလေးတို့သည် သူ့မိဖုရား၏လက်ညှိုးအားဆုပ်ကိုင်ထားသည်။

"အဲ့အကောင်လေးကိုခနလောက်လွှတ်ထားစမ်းပါနှမတော်ရယ် "

"အိုး! ဘယ်လိုခေါ်လိုက်တာလဲ ဒေဝီပဲမွေးစားကြမယ်ဆို သားလို့ခေါ်ရမယ်လေ ဒေဝီ့ရဲ့သားတော်ပဲကို"

"ဘယ်လို"

"ဟုတ်တယ် ခေါ်ကြည့်ပါအုံး သား" လို့"

ဒေဝီသခင်အနည်းငယ်အကြပ်ရိုက်ချေပြီ သူ့လိုဘုရင်မအဖို့ တစ်ဆွေတမျိုးလုံးတောင်သတ်ခဲ့သူမို့ ဒီကလေးကို သား ဟုခေါ်ဖို့ရာအခက်တွေ့နေသည်။
ကလေးလည်းမချစ်တတ်သလို၊မာနတဖွဲသားဘုရင်မသည် လူမမယ်ကလေးငယ်ကို တယုတယ သား ဟုခေါ်ရမည်။

"ခေါ်ပါဆို!ဒေဝီရယ်"

ခက်သည် ခက်သည် မခေါ်ရင်လည်းချစ်ရသူက ရွှေစိတ်တော်ညှိုးချေမည်။

"သ...သား....သားတော်"
"ငါ့သားတော်လေး"

အရဲစွန့်၍ခေါ်မိသည့်အခါလက်ထဲသို့ကလေးငယ်အားလာထည့်ပေးသည်။တခါမျှကလေးမချီဖူးသူဖို့ အလွန်အသဲယားစရာအတိ။ကလေ

"ပြုတ်ကျပါ့မယ် သက်လျာရယ် ဒီအကောင်...သား သားတော်လေးကအငြိမ်မနေဘူး"

"ရအောင်ချီပေါ့ဒေဝီရယ် ဒေဝီ့သားပဲကို"

"ဒါဖြင့်လေ သူ့ကိုဘာကျွေးရသလဲ"

ဘုရင်မဖြစ်သော်ညား ကလေးငယ်ကဘာစားလဲတောင်မသိရတဲ့အထိ စစ်ရေးရာနှင့်တိုင်းရေးပြည်ရေးကိုသာခုံမင်မဲ့သည်။

"ကလေးကို မိခင်နို့တိုက်ရတယ်ဒေဝီရဲ့"

"ဒါဆို ဘယ်လိုလုပ်ကြမလဲ သက်လျာနဲ့ငါက ကလေးအမေမှမဟုတ်ပဲ ဟို နို့ကလေ ဘယ်လိုထွက်"

"ရာဇဝင်ထဲက သဝဏ်လွှာ"Opowieści tętniące życiem. Odkryj je teraz