အေးစက်စက်မြေပြင်၌ အလောင်းများထပ်နေသည်။သွေးသံသရဲရဲနှင့် မြင်မကောင်းအောင် သေဆုံးနေကြသည်။လေတချက်တိုးဝေ့တိုင်း သွေးညှီနံ့တို့ရလာသည်။
စိတ်မကောင်းစရာသည် ထိုစစ်သည်တို့သည် အိမ်၌ ဇနီးနှင့်သားထံ ဘယ်တော့မှ ပြန်လာရတော့မည်မဟုတ်ပါ။အေးစက်စက်ထမင်းဝိုင်းသည် မျက်ရည်များနှင့်ပြီးဆုံးသွားလိမ့်မည်။ဒဏ်ရာရသူအချို့သည် တယောက်နှင့်တယောက်တွဲကာ မြို့ရိုးအတွင်း အလျှိုလျှိုပြန်ဝင်လာကြသည်။ ကြည့်ကောင်းလှသော၊သာယာလှသော တိုင်းပြည်သည် ယခုဆို လူသေအလောင်းများဖြင့်စီကားနေသည်။
"ဒေဝီ...အဟင့် ...ထပါ သက်လျာ ဒေဝီ့ဆီရောက်နေပြီ ဖခမည်းတော်ဆီလည်းမပြန်တော့ဘူး ဒေဝီ့အနားပဲကပ်တွယ်နေမယ် ထတော့နော် "
"အရှင်မ....."
"ကျွန်တော်မျိုး အရှင်မကိုမကာကွယ်နိုင်ခဲ့ဘူး စစ်သူကြီးတယောက် ဖြစ်ဖို့မတန်ဘူး"
"မယ်...မယ်"
"မယ်""အဟစ် ဟင့် မယ်မယ်"
"ထသင့်ပြီနော်အရှင်မ...ကျီဇယ်နေတာရပ်လိုက်ပါတော့"
"ဘယ်လို"
မိဖုရား၏အသံအဆုံး အရှင်မ၏မျက်လုံးများပွင့်လာသည်။ဦးစွာ ဓနုရှင်ကို အလိုက်မသိဘူးလား ဆိုသည့်အကြည့်နှင့်ကြည့်သည်။
"ဒေဝီ!! ဒေဝီ ဘာမှမဖြစ်ဘူးနော် "
"ဟင် အဟင့် ထားသွားတော့မယ်ထင်တာ "မိဖုရားရဲ့သဲသဲလှုဖြစ်နေသည့်ပုံကိုပီတိဖြာနေသည့်အရှင်မအား အမြင်ကပ်လှသည်။သူ့ကိုသေပြီလို့မှတ်နေရာက ငယ်စဉ်က ဘာအဆိပ်မှမသက်ရောက်နိုင်သည့် ဆေးမှင်ကြောင် ရှိကြောင်းအခုမှသတိရသည်။
"ငိုမနေပါနဲ့ မိဖုရား အရှင်မက အဆိပ်ပြီးတယ် ဒဏ်ရာအရှိန်နှင့် သတိလစ်သွားတာပါ"
"နင့်ပါးစပ်ကို အပ်နဲ့ချုပ်ပစ်ချင်တယ် အား!"
"နာ နာနေသလားဟင် အရမ်းနာတယ်မဟုတ်လား သက်လျာအမှားတွေပါ"
ဒီလောက်ပြောနေတာတောင် မိဖုရားကပါသူ့ဘက်ပါသေး။
"အ"