အပိုင်း(၁၅)

3.4K 397 12
                                    

"ငါ့စကားကိုနားထောင်စမ်းပါသက်လျာရဲ့!"

"အခုလို မတင်မကျအခြေအနေမှာ ဘယ်လို ယောက်ကထီးတော်အလောင်းကိုသွားယူရမလဲ ငါကဘုရင်မမို့အာဏာလွှဲပြီးသွားယူခိုင်းပါအုံး အလောင်းကဘယ်မှာလဲ စဉ်းစားစရာအများကြီးပဲသက်လျာရဲ့"

"ဒေဝီသိရဲ့လားဟင် !ဖခင်တယောက်လုံးဆုံးရှုံးလိုက်ရတာ မျက်နှာတောင်မမြင်လိုက်ရတာကို "
"အသဲမာတဲ့ဘုရင်မကြီးက ဘယ်နားလည်နိုင်မှာလဲ !"

ချစ်ရသူမိဖုရားသည်ရင်နာနာနှင့်ငိုကျွေးနေသည်ကိုပင်ရပ်ကြည့်နေရသည်။တကယ်လည်းသွားယူဖို့မဖြစ်နိုင်ပါ။ကိုယ့်တိုင်းပြည်ကအင်အားကြီးလျှင်တောင် ဟိုဘက်က စစ်ကူတွေရှိနေသည်။တိုင်းပြည်ငယ်တွေကပုန်ကန်မဲ့အခြေအနေမှာ ပြည်သူတွေကိုပြစ်ပြီးသေတဲ့လူကိုပြန်ခေါ်ဖို့အထိ ဒေဝီသခင်မရူးမိုက်ရဲပါ။

"မဖြစ်ဘူးသက်လျာရယ် ငါ့စကားကိုနားထောင်ပါ စစ်နိုင်ရင် ငါကနတ်ရွာစံတဲ့ကိစအခမ်းအနားနဲ့ပြန်လုပ်ပေးပါ့မယ် အခုတော့ သွားလို့မဖြစ်ဘူး သက်လျာ "

"ဒေဝီ့ဖခင်ဆိုရင်ရော........"

အပြောင်းအလဲမြန်သည့်လူသကဲ့သို့ ဒေဝီသခင်အားစိုက်ကြည့်နေသည်။ခနဲ့နေသည်။

"ငါဒီလိုပဲလုပ်မယ် သက်လျာ ငါအခုလုပ်နေတာအကုန်လုံး....ငါ့ဇနီး ငါ့သားနဲ့တိုင်းပြည်အတွက်ပဲ ဒီအရာတခုနဲ့အပျက်အစီးမခံနိုင်ဘူး....ငါ့ဘဝမှာပထမဆုံးအကြောက်တရားပဲ သက်လျာရဲ့!အကြောင့်အလန့်မရှိခဲ့တဲ့ငါလိုဘုရင်မက သားဇော မယားဇောနဲ့ အရူးလို လေ့ကျင့်ကွင်းမှာပတ်ပြေးနေခဲ့တာ ချွေးသလုံးလုံးနဲ့မောဟိုက်နေတာတောင် ငါမရပ်ခဲ့ဘူး"

"ငါစစ်ရှုံးခဲ့ရင်ဆိုတဲ့စိတ်က ညဘက်အိပ်မရလောက်အောင်ပဲ ငါ့မိဖုရားကို အဆုံးရှုံးမခံနိုင်ဘူး သိရဲ့လား!"

"ဒေဝီသိမ်းပိုက်ခဲ့တုန်းကရော...တပါးသူရင်ခွင်ထဲကဆွဲထုတ်ခဲ့တုန်းကရော အဲ့လိုမတွေးမိဘူးလား"

"နန်းကလျာ!

ချစ်ရပါတယ်ဆိုတဲ့မိဖုရားက သူ့အားပြစ်ပြစ်ကာကာပြောနေပြီ။ရင်ထဲပူလောင်လှသည့်အပူသည် ယခုပင် အဆပေါင်းသောင်း မကပြင်းထန်လာသလို။

"ရာဇဝင်ထဲက သဝဏ်လွှာ"Donde viven las historias. Descúbrelo ahora