အပိုင်း(၁၈)

3.4K 419 25
                                    

"နားညီးလွန်းလို့ နင့်ကို သက္ကရာဇ်နဲ့ပေးစားမိတော့မယ်"

အရှင်မစကားကြောင့် ဘေးက စပ်ဖြီးဖြီးနှင့်လူအားမျက်စောင်းပြစ်ကာ အခဲမကြေဟန်ပြုလိုက်သည်။

"သိထားတယ်နော် ဖြစ်လာမှာမဟုတ်ဘူး"

ဂရုမစိုက်ဟန် ပခုံးတချက်တွန့်ကာ အကြမ်းရေအား ဆင်ပြေတပြေထိုင်သောက်နေပြန်သည်။လျှပ်တပျက်ကြည့်လျှင် တောင်ခလုတ်တိုက်သွားနိုင်လွန်းလောက်သည့် အလှပင်။

"ကျွန်တော်မျိုးမတို့ကိုသွားခွင့်ပြုပါအုံး"

"အင်း သက္ကရာဇ်နေခဲ့အုံး"

"ဘာတွေတိုင်ပင်ကြအုံးမလို့လဲ!!!"

"နင့်အကြောင်းပြောမှာမဟုတ်လို့တွေးပူမနေပဲ သွားနားတော့ ဓနုရှင်၊ငါမျက်စိနောက်လာရင် မြင်းဇောင်းကိုပို့ပြစ်လိုက်မယ်"

မြင်းဇောင်းဆိုသည့်အတိုင်း မြက်စင်းရမည်ကိုအတော်ကြောက်သဖြင့် နန်းဆောင်အတွင်းမှကဗျာကယာပြေးထွက်သွားသည်။ထို့နောက် သက္ကရာဇ်သည် တစုံတရာအားအရေးတကြီးနားစွင့်နေဟန်။

"ဘာဆက်လုပ်မှာပါလဲအရှင်မ တနေ့နေ့တော့မိဖုရားကသိလာမယ်မဟုတ်ပါလား"

"အင်း ဒီကနေ့တော့ဖွင့်ပြောမှဖြစ်မယ် ဒါ့ထက် မိဖုရားက သူ့အဖဆီပြန်ချင်တယ်ဆိုငါဘယ်လိုလုပ်ရပါ့မလဲ"

"ဒီပြသနာဇာတ်ရှုပ်တွေထဲ နူးညံ့တဲ့ကလေးငယ်ကိုမပါစေလိုဘူး"

တိုင်းပြည်အုပ်စိုးသည့်ဘုရင်မမျက်နှာတော်၌တစုံတရာအားကြောက်ရွံ့နေသည့်အ‌ရိပ်အယောင်အားတွေ့ရသည်။သက္ကရာဇ်ရှေ့သို့တိုးကာ အရှင်မခြေတော်ရင်း၌ ဦးခိုက်လျက်

"သတ်သတ်သေသေ အရှင်မထံခံစားမှာမို့ မိဖုရားကပြန်ချင်ခဲ့ရင်တောင် ကျွန်တော်မျိုး သက္ကရာဇ် မိဖုရားနှင့်အတူလိုက်ပါ
စောင့်ရှောက်ပါ့မယ်"

"အရှင်မအမိန့်တခွန်းသာပေးပါ"

သက္ကရာဇ်၏စကားကြောင့်အရှင်မဟာ နှစ်လိုစွာပြုံးသည်။

"ငါ့ကိုသစ္စာရှိတဲ့အတွက်တော့ သဘောကျမိတယ် သက္ကရာဇ် သို့ပေမယ့်မောင်မင်းကငါ့တိုင်းပြည်ရဲ့စစ်သူကြီးပဲလေ မောင်မင်းကိုလွှတ်လို့ဘယ်ဖြစ်ပါ့မလဲ"

"ရာဇဝင်ထဲက သဝဏ်လွှာ"Donde viven las historias. Descúbrelo ahora