အပိုင်း(၆)

4.1K 447 21
                                    

~လက်ဆက်ခြင်း~
(သို့မဟုတ်)
~အဆောင်အယောင်အပ်နှင်းခြင်း~

ညီလာခံအတွင်းအမတ်များ၊ပုဏ္ဏားများ သံတမန်များ စုရုံးနေကြသည်။
ပလ္လင်ထက်တွင် အရှင်မသည် ခန့်ညားစွာရှိလျက်၊ဝဲဘက်တွင်ယောက်ခထီးတော်၊ကန်သာယာတိုင်းမှအမတ်ချုပ်၊မင်းစေတ၊စစ်သူကြီး၊လက်ဆောင်ပဏ္ဏာများရှိလေသည်။လက်ယာဘက်၌ ကိုယ်ရံတော်ဓနုရှင်၊စစ်သူကြီးသက္ကရာဇ်နှင့် အခြားတိုင်းပြည်များမှ သံတမန်များရှိသည်။

ဒေဝီအရှင်မသည်ပလ္လင်ပေါ်မှမျက်ခြေမပျက်မင်းစေတအားစိုက်ကြည့်နေသည်။အရှင်မ၏မျက်နှာတော်သည်တစုံတရာအားအလိုမကျသည့်ဟန်။

"မင်းသမီးကြွချီလာပါပြီ........!"

တံခါးစောင့်ရဲ့ အော်သံနှင့်အတူညီလာခံထဲသို့လျှောက်လာသည့်ဒေဝီ့သက်လျာ။
ပလ္လင်ရှေ့သို့လျောက်လျှင် ကိုနှစ်လိုဖွယ် မျက်နှာထားကလေး။ရွှေရောင်အဆင်းနှင့် မိဖုရားလောင်းကလေး။

"ဒီနေ့က ငါ့ရဲ့ မိဖုရားကိုအဆောင်အယောင်အပ်နှင်းတဲ့နေ့ပဲ မောင်မင်းတို့"
"အလောတကြီး စီစဉ်လိုက်ရပြီး ငါကိုယ်တိုင်ကလည်း နန်းကလျာကို ချစ်မြတ်နိုးမိတယ် ဒါပေမယ့် နန်းကလျာက ငါ့အပေါ်မေတ္တာပြန်ရှိလာမယ့်အချိန်မှ လက်ဆက်ပွဲကို ကျင်းပမယ်"
"အခုတော့ ငါ့ရဲ့သက်လျာကို မိဖုရားအဆောင်အယောင်အပ်နှင်းမယ်"
"ဒီနေ့ကစလို့ နန်းကလျာဟာငါ့ရဲ့မိဖုရားဖြစ်တယ် တိုင်းပြည်အတွင်း ငါပြီးနောက် အာဏာအရှိဆုံးလူဖြစ်တယ် နှစ်ယောက်မရှိတဲ့ငါ့ရဲ့မိဖုရားဖြစ်တယ်"

"သင့်မြတ်လှကြောင်းပါဘုရား"!!!

ဒေဝီအရှင်မသည် မင်းစေတဘက်သို့လှည့်ကြည့်သောအခါ ကြမ်းပြင်သို့စေ့စေ့ကြည့်ကာအံကြိတ်ထားသည့်ဟန်။ဒါကိုလည်းသူဂရုမစိုက်ပါ။သူ့ရဲ့သက်လျာမဟုတ်ရင် ဘယ်သူ့ကိုမှအရေးလုပ်မည်မဟုတ်။

ထို့နောက် ယောက်ခထီးတော်သည် မင်းသမီးအားနောက်ဆုံးအကြိမ်ပွေ့ဖက်သည်။

"သမီးတော်လေးကအခုဆိုမိဖုရားဖြစ်သွားပြီ
အရင်လိုမဆိုးရဘူးနော်"

"သမီးတော်နားလည်ပါတယ်ဖခမည်းတော်"

" ‌ဒီကအရှင်မကဂရုစိုက်ပေးပါအုံး"

"ရာဇဝင်ထဲက သဝဏ်လွှာ"Dove le storie prendono vita. Scoprilo ora