***ကျွန်တော်တောင်းပန်ပါတယ်***
တစ်ပတ်လောက်ရှိပါပြီ win က အဲ့ညကတည်းက ဘားမှာမရောက်ခဲ့ဘူး Bright နေ့တိုင်းwinကိုတွေ့ရဖို့ စကားပြောရဖို့အတွက်စောင့်နေတယ် စောင့်နေပေမယ့် winရောက်မလာခဲ့ဘူး Bright အရမ်းဝမ်းနည်းကျေကွဲးမိပါတယ် winက Brightကိုလုပ်ခဲ့တာကို ဘာကြောင့်လုပ်ခဲ့လည်းဆိုတာ Bright ရိုးရိုးသားသားပဲ သိချင်မိတာပါ winလုပ်ခဲ့တာက ချစ်သလား အပျော်သဘောလားလို့ သိချင်မိတယ်
ည၈နာရီထိုးပြီမို့ Bright ကသူနေသိပ်မကောင်းတဲ့အတွက် အိမ်ပြန်ဖို့ ခွင့်တောင်းလိုက်ပါတယ် Brightထွက်လာပြီး winကိုမြင်တော့ Brightအရမ်းပျော်ပေမယ့် winက ကောင်မလေးတစ်ယောက်အတွက်ကားတံခါးဖွင့်ပေးတာကိုမြက်ရတယ် Bright နှလုံးသားလေးနာကျင်လာပြန်တယ် မငိုဖို့ကြိုးစားနေတယ် winနဲ့ကောင်မလေးက လက်ချင်းချိတ်ပြီး Brightရှေ့မှာလျှောက်လာခဲ့တယ် ဒါပေမယ့် winက Brightကိုမသိသလိုနေပြီး ဘားထဲဝင်သွားတယ် Brightမျက်ရည်ကျလုမတက် winတို့နောက်ကျောကိုကြည့်လိုက်တယ် Bright သည်းမခံနိုင်တော့ပဲ
"Win...." Winကနောက်မလှည့်လာပဲ ရှေ့ဆက်လျှောက်လိုက်တယ်
"သခင်လေး....သခင်လေး" winရပ်လိုက်တယ်
"Win...အဲ့ကောင်လေးနဲ့သိတယ်လား" သူ့ချစ်သူကောင်မလေးကမေးလိုက်တယ်
"အဲ့လိုမဟုတ်ဘူးအချစ်ရယ်....သူကကိုယ့်အိမ်ရဲ့ အလုပ်သမားပါ.....အချစ်ခဏကိုယ်ပြန်လာမယ်နော်" winက သူ့ကောင်မလေးနဖူးကိုနမ်းလိုက်ပြီး Brightဆီသွားလိုက်တယ်
"မင်းဘာလုပ်မလို့လဲ.....မင်းမမြင်ဘူးလားငါ့ကောင်မလေးရှိတယ်ဆိုတာ" winဒေါသတကြီးနဲ့ပြောလိုက်တယ် သူ့ချစ်သူမကြားအောင် တိတ်တိတ်လေးပြောလိုက်တယ်
"ကျွန်တော်...."
"ငါနဲ့လိုက်ခဲ့" winက Brightလက်ကိုဆွဲသွားလိုက်တယ် လူမရှိတဲ့နေရာရောက်တော့ Brightလက်ကိုလွှတ်ပေးလိုက်တယ်
"သခင်လေး....အဲ့ညအကြောင်းမှတ်မိသေးလား"
"မှတ်မိတယ်....ဘာလဲမင်းကိုတာဝန်ယူခိုင်းမလို့လား"
Brightခေါင်းယမ်းလိုက်တယ်
"မဟုတ်ဘူးဗျ...သခင်လေးဘာကြောင့်အဲ့လိုလုပ်ရသလဲ"

YOU ARE READING
ကျွန်တော် တောင်းပန်ပါတယ်
Action"win...မင်းကငါနဲ့ကိုယ်ဝန်ရတယ် မင်းငါ့ကိုတာဝန်ယူရမယ်နော်" Brightက winလက်ကိုကိုင်ပြီး ပြုံးပြုံးရွှင်ရွှင်လေးနဲ့ပြောလိုက်တယ် "bright....ငါဘာကြောင့်တာဝန်ယူရမလဲ မင်းအတွက်နည်းလမ်းတစ်ခုပဲရှိတာ အဲ့ကလေးကိုဖြတ်ပစ်လိုက်" winပြောပြီးလှည့်ထွက်သွားတယ် နောက်ကျန်န...