ep.5

64 3 0
                                    

Winက Brightကိုကော်ဖီဆိုင်တစ်ခုမှာခေါ်ထားတယ် Brightတော့ winပြောတဲ့အချိန်ထက်စောအရင်ရောက်လာပြီး ထိုင်ပြီးစောင့်နေတယ် ၁၅မိနစ်လောက်ထိုင်စောင့်ရင်း winရောက်လာခဲ့တယ် Brightပြုံးလိုက်တယ် သူအရမ်းပျော်နေ

"သခင်လေး ရောက်လာပြီလား" Bright ပြုံးပြုံးလေးမေးပေမယ့် winကတော့စိတ်ပျက်တဲ့မျက်နှာထားပြီးထိုင်လိုက်တယ်

"ဒီအကြောင်းကို မင်းဘယ်သူ့ကိုပြောပြပြီလဲ"

"ကျွန်တော့်ငယ်ချင်းပဲ...ဒါပေမယ့်သူကဒီအကြောင်းကိုဘယ်သူမှမပြောပြဘူးဆိုသာ ယုံကြည်တယ်"

"မင်းဘယ်လိုယုံနိုင်သလဲကွာ...ထားပါတော့ ဒီနေ့ငါလာခဲ့သာလည်း မင်းဗိုက်ထဲက ကလေးကိုငါလက်ခံပြီးတာဝန်ယူမယ်" winစကားကြောင့် Bright အပြုံးပေါ်လာတယ်

"ဒါပေမယ့် မင်းကငါ့ခင်ပွန်းဆိုတဲ့အဆင့်မျိုးတော့ ဘယ်သူမှမသိစေရဘူး" Brightအပြုံးမှေးမှိန်သွားတယ်

"ဘာလို့လဲ"

"မေးရဲသေးတယ် မင်းရဲ့အဆင့်တန်းကငါနဲ့ကွာခြားတယ်...ငါ့မိသားစုဒီအကြောင်းသိရင်ငါလည်းသေရမှာပေါ့ ပြီးတော့ငါ့နာမည်လည်းပျက်ရတယ်"

Winစကားကြားတော့ ဖိတ်ခေါ်ခြင်းမရှိတဲ့မျက်ရည်ကကျလာပြန်တယ်

"ငါကအဲ့လောက်ထိတောက်တန်ဖိုးမရှိသလား"

"မင်းလိုကောင်က အဆင့်အတန်းမရှိဘူး တန်ဖိုးလည်းမရှိဘူး ဈေးပေါတဲ့ကောင်" Brightလက်သီးဆုပ်လိုက်တယ်

"ဒါဆို...."

"ဒါဆို မင်းမနက်ဖြန်ငါနဲ့အတူလာနေ....ဒီအကြောင်းကိုဘယ်သူမှမသိစေနဲ့ကြားလား...မဟုတ်ရင် အဲ့ကလေးမမွေးခင်သေရလိမ့်မယ်" Brightအမြန်ခေါင်းညိတ်လိုက်တယ်

"ငါကတိပေးပါတယ်"

winကထရပ်ပြီး

"ကောင်းပြီလေ ငါ့အိမ်မှာမင်းကိုနေခွင့်ပေးပေမယ့် သခင်လေးလိုထိုင်စားရမယ်လို့မထင်နဲ့"

"ကျွန်တော်ဘာလုပ်ရမလဲဆိုသာ ကျွန်တော်သိပါတယ်သခင်လေး"

"ကောင်းပြီလေ"

Winပြုံးပြုံးလေးထွက်ခွာသွားတယ် ဗိုက်ကငိုပြီး လက်ကသူ့ဗိုက်ကိုကိုင်ထားလိုက်တယ်

ကျွန်တော်‌ တောင်းပန်ပါတယ်Where stories live. Discover now