***ကျွန်တော်တောင်းပန်ပါတယ်***
*Bright POV*
ဒီနေ့ကျွန်တော်လည်း winလာခိုင်းတဲ့နေရာရောက်လာခဲ့ပြီ အဲ့နေရာကအရမ်းကျယ်ပြန့်တယ် winအိမ်လို့တောင်မထင်ဘူး နန်းတော်နဲ့အရမ်းတူတယ် အရမ်းလှပြီး နန်းဆန်တဲ့အိမ်ကလေး ကျွန်တော်လည်း ခေါင်းလောင်းသံကိုနှိပ်ပြီး အိမ်ဖော်မပြေးလာတာကိုတွေ့ခဲ့ရတယ်
"မင်္ဂလာပါရှင့် Bright ဆိုတဲ့တစ်ယောက်လား"
"ဟုတ်ကဲ့ ဟုတ်ပါတယ်ဗျ"
အိမ်ဖောမလေးကပြုံးပြီး ကျွန်တော်အတွက်တံခါးဖွင့်ပေးလိုက်တယ်....ကျွန်တော်ရဲ့အိတ်ကလေးကိုယူပြီး အိမ်ဖော်မလေးနောက်ကိုလိုက်သွားပြီး အိမ်ကြီးထဲဝင်သွားလိုက်တယ်
ဒီလောက်ကြီးတဲ့အိမ်လေးကို winတစ်ယောက်ထဲနေတာကိုမယုံနိုင်စရာပဲ winကဆိုဖာပေါ်မှာထိုင်ပြီး ဖုန်းပြောနေတာကိုတွေ့ရတယ် winက ကျွန်တော့်ကိုမြင်တော့
"ဒါပဲနော်အချစ်ရေ အာဘွား"
သူပြောပြီးဖုန်းချလာတယ် ကျွန်တော့်နှလုံးသားကအလိုလိုနာကျင်လာသလိုခံစားရတယ် မျက်ရည်မကျအောင်ထိန်းထားရတယ်
"ဘာရပ်ကြည့်နေလဲ ထိုင်စမ်း"
သူ့အော်သံကြောင့်ကျွန်တော်လန့်ပြီး ကြမ်းပြင်ပေါ်ထိုင်ချလိုက်တယ်
"May....နင်ထွက်သွားအုံး ငါဒီကောင်နဲ့စကားပြောစရာရှိတယ်"
"ဟုတ်ကဲ့ပါသခင်လေး"
May ဆိုတဲ့တစ်ယောက်ကထွက်သွားလိုက်တယ် အခုကကျွန်တော်နဲ့ winပဲကျန်တော့တာ
"Bright....မင်းသိတယ်မလား မင်းငါ့အိမ်လာတာ ငါ့ခင်ပွန်းအဖြစ်မဟုတ်ဘူးဆိုတာ"
"ဟုတ် ကျွန်တော်နားလည်တယ်ဗျ ဒီကလေးမွေးပြီး ၅နှစ်ပြည့်တဲ့တစ်နေ့...ကျွန်တော်ထွက်သွားမယ်"
"ကောင်းတယ် မင်းပြောတဲ့အတိုင်းလုပ်....ပြီးတော့အဲ့ကလေးက ငါ့ကလေးလို့ဘယ်သူမှမသိစေနဲ့ နားလည်လား"
"ကျွန်တော်နားလည်တယ်ဗျ"
"ကောင်းပြီ မင်းအခန်းကိုသွားတော့...."

YOU ARE READING
ကျွန်တော် တောင်းပန်ပါတယ်
Action"win...မင်းကငါနဲ့ကိုယ်ဝန်ရတယ် မင်းငါ့ကိုတာဝန်ယူရမယ်နော်" Brightက winလက်ကိုကိုင်ပြီး ပြုံးပြုံးရွှင်ရွှင်လေးနဲ့ပြောလိုက်တယ် "bright....ငါဘာကြောင့်တာဝန်ယူရမလဲ မင်းအတွက်နည်းလမ်းတစ်ခုပဲရှိတာ အဲ့ကလေးကိုဖြတ်ပစ်လိုက်" winပြောပြီးလှည့်ထွက်သွားတယ် နောက်ကျန်န...