ep.1

151 6 0
                                    

***ကျွန်တော်တောင်းပန်ပါတယ်***

Bright တစ်ယောက်ဘားမှာ ဝန်ထမ်းတစ်ယောက်အဖြစ်အလုပ်လုပ်နေတယ် Brightဟာသူငယ်ငယ်ကတည်းက တစ်ယောက်ထဲပဲနေထိုင်ခဲ့တာ သူ့အဖေ အမေ ညီမလေးတွေမရှိပါဘူး သူ့အသက်12နှစ်ကတည်းက သူ့အဖေ အမေ ဆုံးရှုံးရတယ် Bright ကဘယ်အလုပ်မဆိုကြိုးစားလုပ်ကိုင်ခဲ့တယ် သူဘဝတစ်လျှောက်လုံး တစ်ယောက်ထဲနေထိုင်ခဲ့ပေမယ့် သူသိပ်ချစ်ရတဲ့ကောင်လေးတော့ရှိပါတယ် အဲ့ကောင်လေးနာမည်က Win Matawinပါ။

Win Matawin ဟာဆိုရင် သူနဲ့အရမ်းကွာခြားတယ် မြေနဲ့ ကောင်းကင်ကြီးလိုကွာခြားတယ် Brightဟာအရမ်းဆင်းရဲတဲ့သူတစ်ယောက်ပါ winတစ်ယောက်ကတော့ ထိုင်းနိုင်ငံကအချမ်းသာဆုံးမိသားစုဖြစ်ပါတယ် Brightက winကိုစတွေ့ကတည်းက ချစ်မိခဲ့တယ် winနေ့တိုင်း သူအလုပ်လုပ်နေတဲ့ဘားမှာ winအမြဲလာရောက်ခဲ့တယ် Brightအမြဲ သူ့အတွက် အရက် ဝိုင် တွေသွားချပေးရတယ် ဒီနေ့လည်းအတူပါပဲ winရောက်လာခဲ့တယ် Bright နှလုံးခုန်မြန်လာတယ် Brightက winထိုင်နေတဲ့ခုံနားသွားပြီး

"မင်္ဂလာပါဗျ....ဒီနေ့ဘာမာအုံးမလဲ" Brightကမဝံ့မရဲပြောလိုက်တယ် winခေါင်းမော့လာတော့ သူ့မျက်လုံးကနီနေသာကိုမြင်ရတယ် သူငိုထားသလိုခံစားရတယ် Bright လည်းစိတ်မကောင်းဖြစ်မိတယ် သူသိပ်ချစ်တဲ့ကောင်လေး ဘာတွေဖြစ်လည်းဆိုတာ သိချင်စိတ်များလာတယ်

"အရင်နေ့ထက်၂ဆယူလာပေး" Brightခေါင်းညိတ်ပြီးထွက်သွားလိုက်တယ် ၁၀မိနစ်အကြာမှာ Brightပြန်လာရောက်တယ် winခေါင်းလေးငုံ့ပြီးငိုနေတာကို Brightတွေ့ရတယ်

"သခင်လေး.....သခင်လေးမာထားတာရပြီဗျ" winလည်း Brightအသံကြားရတော့ သူ့မျက်ရည်သုတ်ပစ်ပြီး အရက်ပုလင်းကိုခွက်ထဲထည့်ပြီးမသောက်ပဲနဲ့ တစ်ပုလင်းလုံးမော့သောက်လိုက်တယ် Bright အဲ့လိုမြင်တော့ winအရမ်းစိတ်ဖိစီးဖြစ်မှန်းသူသိနေတယ်

"နောက်ထပ်သွားယူလာအုံး"

"ဟုတ်ကဲ့"

Brightသွားယူလာပေးလိုက်တယ် win အနည်းငယ်မူးလာတယ်

"နောက်ထပ်"

"ဟုတ်ကဲ့"

"နောက်ထပ်"

ကျွန်တော်‌ တောင်းပန်ပါတယ်Where stories live. Discover now