***ကျွန်တော်တောင်းပန်ပါတယ်***
အဲ့နေ့ကတည်းက Bright က win အနားမကပ်ရဲ မျက်နှာချင်းမဆိုင်ရဲခဲ့ဘူး Bright ကဘားမှာအလုပ်မသွားလုပ်နိုင်ဘူး သူ့ခေါင်းကိုက်ပြီး အမြဲတမ်းပျို့အန်ခဲ့တယ် ဆရာဝန်ကိုလည်းတစ်ခါမှ သွားမတွေ့ဖူးဘူး သူ့ပိုက်ဆံကိုဆွေတာပြီးသုံးရတယ်
တစ်နေ့မှာ mike က Bright တိုက်ခန်းကိုလာပြီး Bright အကြိုက်ဟင်းအစုံ ဝယ်လာခဲ့တယ် Bright အခန်းရှေ့မှာရောက်တော့ တခါးခေါက်လိုက်တယ် Bright ရောက်မလာသေးတဲ့အတွက် နောက်တစ်ချက်ခေါက်လိုက်တော့ Bright လာဖွင့်ပေးတယ် mike ပြုံးပေမယ့် Brightမျက်နှာမြင်တော့ သူစိုးရိမ်သွားတယ်
"Bright ဘာဖြစ်သလဲ"
"ငါ....."
Brightလဲကျတော့မှာမို့ mikeအမြန် Brightကိုထိန်းထားပြီး အထဲကိုခေါ်သွားပြီး Bright ကိုဆိုဖာဘေမှာထိုက်လိုက်တယ် mikeလည်း Brightဘေးဝင်ထိုင်ပြီး Bright နဖူးကိုစမ်းကြည့်တယ်
"Bright...မင်းဖျားနေတာ"
Brightလည်း mikeလက်ကိုဖယ်ပြီး
"ဘာမှမဖြစ်ဘူး ငါအဆင်ပြေတယ်"Mike သက်ပြင်းချလိုက်တယ် သူ့ငယ်ချင်းက ဆရာဝန်တစ်ခါမှသွားမတွေ့ဖူးဘူး
"ကောင်းပြီ ထမင်းစား...ပြီးရင်မင်းအတွက်ဆေးဝယ်ပေးမယ်"
"Mike ရပါတယ် ငါအရမ်းမဖြစ်ပါဘူး"
"Bright မင်းအသားအရမ်းပူတယ်....ဒီတစ်ခါတော့မင်းကိုအရင်လိုအလိုမလိုက်နိုင်တော့ဘူး"
"Mike"
"စကားမများနဲ့"
Mike က Brightစားဖို့ထမင်းပြင်ပေးလိုက်တယ်
"ရော့စား မင်းအကြိုက်ဟင်းတွေအစုံဝယ်လာခဲ့တာ"
Brightလည်းရွေးချယ်စရာမရှိပဲ ထမင်းစားပေမယ့် ဟင်းအနံ့ကသူ့အတွက်အရမ်းနံတယ် Brightသည်းမခံနိုင်ပဲ လက်ကိုပါးစပ်မှာအုပ်ပြီး ရေချိုးခန်းထဲပြေးသွားပြီး အန်လိုက်တယ် Mike လည်းစိတ်ပူပြီး အနောက်ကနေ Brightရဲ့ကျောကိုပွတ်ပေးလိုက်တယ်
"Bright ဘာဖြစ်သလဲ"
"ဟင်းအနံ့ကအရမ်းနံတယ်"
"အဲ့ဟင်းကမင်းကြိုက်တဲ့ဟင်းတွေပဲမလား"

YOU ARE READING
ကျွန်တော် တောင်းပန်ပါတယ်
Action"win...မင်းကငါနဲ့ကိုယ်ဝန်ရတယ် မင်းငါ့ကိုတာဝန်ယူရမယ်နော်" Brightက winလက်ကိုကိုင်ပြီး ပြုံးပြုံးရွှင်ရွှင်လေးနဲ့ပြောလိုက်တယ် "bright....ငါဘာကြောင့်တာဝန်ယူရမလဲ မင်းအတွက်နည်းလမ်းတစ်ခုပဲရှိတာ အဲ့ကလေးကိုဖြတ်ပစ်လိုက်" winပြောပြီးလှည့်ထွက်သွားတယ် နောက်ကျန်န...