ep.7

66 5 2
                                    

***ကျွန်တော်တောင်းပန်ပါတယ်***

Prim တုတ်သွားယူဖို့စောင့်နေကြတယ် Brightငိုရင်း win ရဲ့ခြေထောက်ကိုဖက်ထားလိုက်တယ်

"သခင်လေး ကျွန်တော့်ကိုဘာမှမလုပ်ပါနဲ့"

"ငါ့ကိုပိုင်ဆိုင်နေသလိုလို လာလုပ်တဲ့လူက ငါလွှတ်ထားမယ်မဟုတ်ဘူး"

"သခင်လေး ကျွန်တော့်ကိုမမြင်ရင်တောင်မှ ဗိုက်ထဲကလေးအပေါ်တော့မရက်စက်ပါနဲ့ ကလေးကဘာမှမသိသေးဘူး"

Winပြုံးပြီး အောက်ငုံ့လိုက်တယ်

"အဲ့ကလေးကငါမလိုချင်ဘူး အဲ့ကလေးသေသွားရင်တောင်မှ ငါကဂရုမစိုက်ဘူး"

Brightပိုငိုတယ် winကဒီလောက်ထိရက်စက်နေမှန်းသူမသိဘူးလေ

ခဏအကြာမှာ primက သံတုတ်ကြီးနဲ့ယူလာပြီး winကိုပေးလိုက်တယ်

"သခင်လေး ကျွန်တော့်ကိုရိုက်နိုင်တယ် ဒါပေမယ့် ကျွန်တော့်ကလေးကိုတော့မထိခိုက်စေနဲ့ဗျာ"

Brightကန်တော့ပေမယ့် winကစိတ်မဝင်စား ခုwinကလူစိတ်မရှိသလို Brightကျောကိုရိုက်လိုက်တယ် Brightကတော့ သူ့ကလေးကိုအတက်နိုင်ဆုံးကာကွယ်ပေးတယ်

"အာ့....သခင်လေး....နာတယ်"

Winဂရုမစိုက်ပဲ Brightကိုရိုက်ထည့်လိုက်တယ် prim ကတော့ကြည့်ပြီး ပြုံးနေတယ်

"အာ့..."

Brightငိုတယ် နာကျင်မှုနဲ့အတူငိုခဲ့တယ် winက Brightကိုစိတ်ကျေနပ်တဲ့အထိရိုက်ပြီး တုတ်ကိုပစ်ပြီး Brightဆံပင်ကိုဆွဲယူလိုက်တယ်

"မင်းမှတ်ထားနောက်ဆိုငါ့ကိုပိုင်သလိုလိုမလုပ်နဲ့ မဟုတ်ရင်ဒီထက်ပိုနာရလိမ့်မယ်"

Brightကတော့ winကိုကြည့်ပြီး ငိုရုံမှတစ်ပါးဘာမှမလုပ်နိုင်ခဲ့ဘူး

"ပြီးတော့ မင်းရဲ့ကလေးလည်းငါမချစ်ဘူး ဗိုက်ထဲက ကလေးရော မင်းရောငါမုန်းတယ်"

Winပြောပြီး Brightကိုတွန်းပြီး သူ့အခန်းကိုသွားလိုက်တယ် primလည်း ကြမ်းပြင်ပဲလှဲကျနေတဲ့ Brightကိုကြည့်ပြီး

"ဟဟဟဟဟ နင့်ပုံစံကကြည့်လို့မရဘူး ငါ့သခင်လေးနဲ့ကလေးရသာတောင်မှ သခင်လေးက နင့်ကိုတောင်ဂရုမစိုက်ဘူး ဟဟဟဟဟ"

ကျွန်တော်‌ တောင်းပန်ပါတယ်Where stories live. Discover now