I want to hate you "Min"-1

235 22 0
                                    

မီးရောင်စုံနေတဲ့ ဆိုလ်းမြို့ရဲ့ညတွေက အပေါ်စီးက ကြည့်ရင်တော့ လှပနေပါသည်။ အဆောက်အအုံးမြင့်မြင့်တစ်ခုပေါ်ကနေ ဆိုလ်းကိုကြည့်ရတာ တစ်စုံတစ်ခု ကိုပဲလွမ်းဆွတ်မိသလို။ အထပ်မြင့်အဆောက်အဦးတွေနဲ့ အရောင်စုံနေတဲ့ မီးတွေကတော့ ဆိုလ်းကို အမြဲ ဖော်ပြုပေးသည်။

အထီးကျန်လိုက်တာ တစ်ယောက်တည်းနေလာတာ ကြာပြီးဖြစ်တဲ့ တစ်ကောင်ကြွက် တစ်ယောက်ဆီက ဒီစကားကြားရတာ ရယ်ချင်စရာဖြစ်နေပေမဲ့ ဒီအခြေအနေကို အသားကျနေတာလား မကျသေးလားတော့ ကျွန်တော်လည်းသေချာမသိဘူး။

တစ်ယောက်တည်း ဖြတ်သန်းရတဲ့ တစ်လျှောက်လုံး ခက်ခဲပေမဲ့လည်း ဒီလောကကြီး ခင်ဗျားကို ကျွန်တော် တစ်ခုပြောမယ် ခင်ဗျားကြိုက်သလောက် ခါးသီးမှုတွေ ပေးစမ်းပါ ကျုပ်ဆိုတဲ့ ကောင်ကလည်း အဲခါးသီးမှုမှန်သမျှကို ရင်ဆိုင်နိုင်တယ် လို့ ....

အော်ဟစ်ပြီး ကျိန်ဆဲလိုက်ချင်ပေမဲ့လည်း လက်တွေ့မှာတော့ တိတ်ဆိတ်ပြီး အေးအေးစက်စက် မျက်နှာထားနဲ့ တုံ့ပြန်မိတော့သည်။ သဘောကတော့ မင်း စိတ်ကြိုက် အဆိုးဝါးဆုံးဆိုတာတွေ ပေးလိုက်စမ်းပါ ငါဆီမှာကတော့ ဆုံးရှုံရမဲ့အရာ ဘာမှမရှိတော့ဘူးလို့ အဲကံတရားဆိုတာကြီးကို မျက်နှာချင်းဆိုင်ပြီး ပြောလိုက်ချင်သည်။

ဟူး~~~

ဘာမှထူးခြားလာမှာလဲမဟုတ်တော့တာမို့ မမြင်နိုင်တဲ့ ကံတရားကို ဒေါသတွက်နေလဲအပိုပဲလေ လေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်ကာ အသက်ပြင်းကိုသာ ကြိတ်ချ လိုက်မိသည်။

" ဘာတွေဖြစ်နေတာလဲဟင် "

Yoongi ဘေးကို တစ်ချက်စောင်းကြည့်လိုက်တော့ ကောင်လေးတစ်ယောက် မျက်လုံးပြူးပြူးလေးနဲ့ကြည့်နေကာ မျက်နှာလေးငယ်လေးနဲ့ မေးနေသည်။ တစ်ခါမှ မမြင်ဖူးတဲ့သူတစ်ယောက်မို့ ကိုယ့်ကိုမေးတာ ဟုတ်ရဲ့လားလို့ ဘေး ဘီကိုတောင် ကြည့်မိသည်။

ညသန်းခေါင်ယံကျော်ချိန်ဖြစ်တာကြောင့် ဒီတံတား ပေါ်မှာ ကိုယ်ကလွဲပြီး ဘယ်သူမှလဲမရှိဘူး

" ကိုယ့် ကို မေးတာလား "

" အင်း ဟုတ်တယ် အကို ဘာဖြစ်နေတာလဲ ဟင် မျက်နှာလည်း မကောင်းဘူး "

I want to hate you " Min "Where stories live. Discover now