" ရောက်လာပြီးလား ဂျောင်ဂု တစ်ညလုံးမင်းဘယ်တွေသွားနေတာလဲ "
" အဲ့တာ ဂျွန်ဂျောင်ဒယ်နဲ့မဆိုင်ဘူးနဲ့တူတယ် "
" ငါက ကိုယ့်သားကိုယ်တောင် မေးခွင့်မရှိတော့ဘူးလား နောက်ပြီး မင်းစကားပြောတာ ဆင်ခြင်သင့်တယ် ငါက မင်းအဖေနော် ဂျွန်ဂျောင်ဂု... "
" အဟက် ဟာသတွေလာမပြောပါနဲ့လား J&K group ရဲ့သိက္ခာရှိလှပါသော CEOခင်ဗျာ.... "
" မင်း...ဂျွန်ဂျောင်ဂု!!! "
" ဟုတ်တယ် ကျွန်တော်နာမည် ဂျွန်ဂျောင်ဂု CEOကြီးသိအောင်ထပ်ပြောပြလိုက်မယ် ကျွန်တော်မှာ အဖေမရှိဘူး အမေတစ်ယောက်တည်းပဲရှိတယ် ထပ်ပြီး ကျွန်တော်ကို ခင်ဗျားသားလိုမဆက်ဆံပါနဲ့ ကျွန်တော်မှာဂန်ဟန်မီဆိုတဲ့ ကျွန်တော်အမေတစ်ယောက်တည်းပဲရှိတယ်......."
" မင်း..... တောက်~~"
" ဒါဆိုရင် ကျွန်တော် အလုပ်လုပ်လိုက်ပါဦးမယ် "
______
အိမ်မပြန်တော့ပဲ အလုပ်ကိုတန်းလာလိုက်တာမှပဲမမြင်ချင်တဲ့သူကိုတန်းတွေ့ရတော့တာပဲ...
အလုပ်တွေပြစ်ထားခဲ့ပြီး တစ်ရက်လုံးပျောက်နေခဲ့တာကြောင့်အလုပ်တွေကတောင်လိုပုံနေတော့သည်။
အခန်းထဲဝင်ဝင်ချင်း အလုပ်စားပွဲပေါ်ကဖိုင်တွဲအထပ်လိုက်ကိုကြည့်ရင် ဂျောင်ဂုသက်ပြင်းကိုချလိုက်တော့သည်။သူအလုပ်အကြွေးတွေတော်တော် များနေခဲ့တာပဲ....
တစ်ရက်လေးပဲ အလုပ်ပျက်လိုက်တာတောင်မှလေ..
သို့ပေမဲ့လည်း အလုပ်ပျက်ရခြင်းရဲ့အကြောင်းကိုတွေးမိတော့လည်းဂျောင်ဂုကြည်နှုးရပြန်သည်။
စားပွဲပေါ်က မန်းနေဂျင်းဒါရိုက်တာဂျွန်ဂျောင်ဂုဆိုတဲ့စာတန်းလေးကိုဖတ်မိတော့...မေမေရဲ့စကားကိုပြန်ကြားယောင်မိသည်။
ကျောင်းသားတစ်ယောက်ပဲရှိသေးတဲ့သူက ဘာလို့J&Kရဲ့ဒါရိုက်တာ တာဝန်ကိုယူထားရတာပါလဲ.. သူအတွက် ဒီရာထူးကလေးလံလွန်းလှပါတယ် တကယ်ဆိုသူအရွယ်က တစ်ခြားကျောင်းသားတွေလို လူငယ်ဘဝကိုအပြည့်အဝဖြတ်သန်းသင့်တာမဟုတ်လား... အဲ့လွတ်လပ်ခွင့်တွေ ဆယ်ကျော်သက်ဖြစ်တဲ့သူ့ဘဝကိုဒီလိုမျိုး လုပ်ရတာတွေရဲ့အကြောင်းအရင်းတွေကတစ်ခုပဲရှိတယ် အဲ့တာက မေမေကြောင့်ပင်...
YOU ARE READING
I want to hate you " Min "
Fanfictionအကိုမမှားပါဘူး ချစ်ခဲ့တဲ့သူက ကျွန်တော်မို့ ကျွန်တော်ပဲမှားခဲ့တာပါ နာကျင်ဖို့လဲ ကျွန်တော်ပဲရွေးချယ်ခဲ့တာကြောင့် ဒီနာကျင်မှုကို ကျွန်တော်ကျေကျေနပ်နပ်ကြီး လက်ခံပါတယ်~~~ ကျွန်တော်ကိုယ်တိုင်က အကိုဆီမှာ ပြိုလဲနေခဲ့မိတာကို.....