အမှောင်ရိပ်သန်းနေတဲ့ ညမို့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။စကားပြောသံ ခပ်သဲ့သဲ့ကို ကြားရပေမဲ့ ဂရုစိုက်ပြီးနားထောင်မနေပါ။
အမှောင်ရိပ်အတိုင်း ဆက်လျှောက်လာတော့ အခန်းတစ်ခန်းကိုတွေ့ရသည်။ တံခါးပေါ်မှာ ရွှေရောင်စာလုံးနဲ့ထွင်းထုထားသည့် အခန်း နံပါတ်တစ်ခုက နေရာယူထားသည်။
ကြားရတဲ့အသံခပ်သဲ့သဲ့ ဒီအခန်းကလာတာပဲဖြစ်မယ်။တံခါးနားကိုကပ်ကာ အထဲကအသံတွေကို နားစိုက်ထောင်လိုက်သည်။ ခိုးခိုးခစ်ခစ်နဲ့ ရယ်မောသံတစ်ချို့ကိုလည်း ကြားနေရသည်။
" မင်းက ကိုယ့်ကို ငြင်းတာလား "
ထွက်ပေါ်လာတဲ့ အသံနက်နက်တစ်ခုကြောင့် တံခါးနားကပ်နေသူက တံခါးကိုလျင်မြန်စွာဖွင့်ကြည့်လိုက်သည်။
ဆိုဖာပေါ်မှာ ထိုင်နေတဲ့ကောင်လေးက သူ့ရင်ခွင်ထဲကကောင်လေးကိုကြည့်ရင်းပြောနေသည်။ ရင်ခွင်ထဲကကောင်လေးကလည်း ထိုကောင်လေးကို အတောက်ပဆုံးအပြုံးတွေနဲ့ပြန်ကြည့်နေသည်။
ရုတ်တရက်တံခါးဖွင့်လိုက်တဲ့ ကိုယ့်ကို နှစ်ယောက်လုံးက ပြိုင်ကြည့်လာသည်။ အဖြူရောင် အကျီလေးကိုဝတ်ထားပြီး ရင်ခွင်ထဲက ကောင်လေးကို တင်းကြပ်စွာပွေ့ဖက်ထားတဲ့ ကောင်လေးက မျက်လုံးနက်နက်တွေနဲ့ တည်ငြိမ်စွာ သူ့အားပြုံးပြနေသည်။လှုပ်ရှားလွန်းနေတဲ့နှလုံးသားက အပြင်ကိုခုန်ထွက်လာတော့ မလား တဒုတ် ဒုတ်နဲ့ ခုန်နေတော့သည်။ အခုမှတစ်ဖန် ပြန်ရှင်သန်လာသလို ခံစားနေရသည်။
သူသေဆုံးနေခဲ့တာ ကြာပြီးမလား ဒီအပြုံးလေးတွေပျောက်ကွယ်သွားတဲ့နေ့ကစပြီးတော့။
ပြန်မြင်ခွင်ရဖို့ အကြိမ်ကြိမ် တောင်းတနေတဲ့နှုတ်ခမ်းဖျားက လေးထောင့်ဆန်ဆန်အပြုံးလေးအား သူထပ်မြင်ခွင့်ရခဲ့ပါသည်။ လျင်မြန်စွာ ထိုသူအားပွေ့ဖက်ထားရန် ပြေးလိုက်မိသည်။
သူလက်လှမ်းလိုက်ကာမှာ အခိုးအငွေ့တွေလို ကွယ်ပျောက်သွားပြန်သည်။
စိုးရိမ်စိတ်၊ စိုးထိပ်မိတဲ့စိတ်တွေနဲ့ အခန်းတစ်ခုလုံးကို ပတ်နှောက်ရှာနေမိသည်။ ခန်းတစ်ခုလုံးကို ဝေ့ဝိုက်ရှာသောလည်း မတွေ့တော့ တံခါးကိုဖွင့်ကာ အပြင်ကိုထွက်ရှာလိုက်သည်။

YOU ARE READING
I want to hate you " Min "
Fiksi Penggemarအကိုမမှားပါဘူး ချစ်ခဲ့တဲ့သူက ကျွန်တော်မို့ ကျွန်တော်ပဲမှားခဲ့တာပါ နာကျင်ဖို့လဲ ကျွန်တော်ပဲရွေးချယ်ခဲ့တာကြောင့် ဒီနာကျင်မှုကို ကျွန်တော်ကျေကျေနပ်နပ်ကြီး လက်ခံပါတယ်~~~ ကျွန်တော်ကိုယ်တိုင်က အကိုဆီမှာ ပြိုလဲနေခဲ့မိတာကို.....