I want to hate you "Min"-3

145 18 1
                                    

ယွန်းဂီ သူ့ဘဝမှာလုံးဝမထင်ထားလိုက်မိတာက သူယောကျာ်းလေးတစ်ယောက်နဲ့ အိပ်လိုက်မိတယ်ဆိုတာကိုပဲ
ပြီးတော့ အသက်တောင်မပြည့်သေးတဲ့ကလေးနဲ့လေ...

ဘေးနားမှာ နှစ်ခြိုက်စွာအိပ်စက်နေတဲ့ကောင်လေးကိုကြည့်မိတော့ နှုတ်ခမ်းပါးပါးတွေကွေးညွှတ်သွားသည်အထိပြုံးမိသည်။

နေပါဦးသူက ဒီအခြေအနေကို သဘောကျနေမိတာလား မဖြစ်နိုင်ပါဘူး နှစ်တွေအကြာကြီး သူဘေးမှာတစ်စုံတစ်ယောက်ရှိမနေခဲ့တာကြာလို့ပဲဖြစ်မှာ....

တစ်စုံတစ်ယောက်နဲ့အတူမနိုးထရတာကြာခဲ့လို့ပဲဖြစ်မှာ ထပ်မတွေးချင်တော့တဲ့အတွေးတွေကြောင့် ခေါင်းကိုခါထုတ်လိုက်ပြီး ရေချိုးခန်းထဲကို သွားရန်သာ တွေးလိုက်သည်။

ထလိုက်တာနဲ့နာကျင်နေတဲ့အောက်ပိုင်း အထိအတွေ့ကြောင့် ယွန်းဂီမျက်ရည်တောင်ဝဲမိသည်။သို့ပေမဲ့လည်း အားယူကာရေချိုးခန်းကိုသာဝင်လာခဲ့သည်။

ပါးစပ်ကလည်း "ကောင်လေး မင်းတော်တော်ဆိုးတာပဲ"လို့ပြောရင်းပေါ့

ရေချိုး အဝတ်လဲပြီးတာနဲ့ အခန်းထဲကထွက်ကာမနက်စာစားဖို့အတွက် အနီးအနားကာ Markလေးမှာ အဆင်ပြေတာလေးတွေရွေးပြီး သွားဝယ်လိုက်သည်။

ဒီလိုနဲ့ပဲ ယွန်းဂီ မချက်တာကြာပြီဖြစ်တဲ့ ဟင်းတွေကို ချက်ပြုတ်တော့သည်။ဒီနေ့ပထမဆုံးအနေနဲ့ ထိုသူကို သတိမရမိတော့...

ဒါကို ယွန်းဂီကိုယ်တိုင်လည်း သတိမထားပါဘူး။ သူကမြင်ရခဲလှတဲ့ပြုံးနုနုတွေကိုဖန်ဆင်းပြီးပျော်ရွှင်စွာချက်ပြုတ်နေခဲ့တယ်။

ချက်ပြုတ်ပြီးတော့ အငွေ့တထောင်းထောင်းနဲ့ ဟင်းတွေကစားပွဲပေါ်မှာအဆင်သင့်ချထားလျက်ပေါ့..

နေပါဦး ပုံမှန်ဆို ငါဒီလိုတွေလုပ်လေ့မရှိပါဘူး ဟူး...

" ဘာပဲ ဖြစ်ဖြစ် နောက်ကိုထပ်ပြီးတော့တွေ့ရမှာမှမဟုတ်တာ "

ယွန်းဂီ သူဟာသူပြောပြီးမှစိတ်မကောင်းဖြစ်နေသလိုပင်..

တကယ်တန်းတော့ ဒီကောင်လေးထွက်သွားမှာပဲဆိုတာကို သူလက်မခံချင်သလိုပင်...

I want to hate you " Min "Where stories live. Discover now