🚨18+ warning🚨
တစ်ဆိတ် ဒီခြေအနေက ဘယ်လိုကြီးလည်း နမ်းတွေ နှုတ်ခမ်းပါးက ခွာလိုက်တဲ့အထိ ယွန်းဂီကတော့ ဒီကောင်လေးကို ကြည့်နေလျက်သားပဲပေါ့။
သူတကယ်ကို တိတ်ဆိတ်သွားခဲ့တာ ခေါင်ထဲထောင့်စီနေတဲ့ တွေးတောမှုကြောင့် အခုထက်ထိ ဘာတွေဖြစ်သွားတာလဲဆိုပြီး ပြန်မေးနေရတုန်း....
ခဏကြာအထိ ထိုကောင်လေးကို သူစိုက်ကြည့်လိုက်တယ်..
ပြီးတော့ စကားတစ်ခွန်းကိုပြောလိုက်တယ်။
" ငါ့ကို ကြိုက်နေတာလား "
" ဗျာ!! "
" ငါ့ကိုကြိုက်နေတာလားလို့ မေးတာလေ "
" ဗျာ...ဟုတ်.."
" ဘာလို့ ကြိုက်တာလဲ မင်းနဲ့ငါက အခုမှတွေ့ဖူးတာကို ကဲပါ ထားလိုက်တော့ အခုကိစ္စကိုဘာမှမဖြစ်သလိုထားလိုက်တော့ အမှားဆိုတာလဲ ဖြစ်တတ်တာပဲ မင်းကငယ်သေးတယ် ဒီအမှားမျိုးထပ်ပြီးတော့ တော့ မလုပ်နဲ့တော့ စားလိုက်ဦး မအေးခင် မနက်ကျရင် မင်း အိမ်ကို လိုက်ပို့ပေးမယ် "
ဒီကောင်လေးက ငယ်သေးတော့ အမှားလုပ်တတ်တာပဲ ကိုယ်က နမ်းခံလိုက်ရတော့ နည်းနည်းတော့ ကသိကအောင့်ဖြစ်နေပေမဲ့လည်း ဘာမှတော့ပြန်ပြောမနေတော့ပါဘူး ဒီနှုတ်ခမ်းတွေကို ဘယ်နှစ်ယောက်လာနမ်းနမ်း ကျွန်တော့အနမ်းတွေရဲ့ခံစားမှုကိုတော့ တစ်စုံတစ်ယောက်က ယူဆောင်သွားနဲ့မို့ ခံစားချက်ကတော့ဗလာဖြစ်နေပါပြီး
အချိန်တိုင်း သူ့ပုံရိပ်တွေက ပြန်မြင်ယောင်လာတာမို့ ကျွန်တော့် ဒဏ်ရာတွေက အခုထက်ထိကိုအနာမကျတ်သေးတာပါ့လား....
တွေးမိရင်း သူအကြောင်းတွေ ခေါင်းထဲတန်စီးပေါ်လာတာကြောင့် မတွေးမိအောင် အိပ်ပစ်လိုက်တော့မယ်..
ကျွန်တော် ခြေလှမ်းတွေက ကျွန်တော်မသွားချင်ဆုံးသော အခန်းလေးဘက်ကို ဦးတည်နေသည်။
ဒါပေမဲ့ ခြေလှမ်းတွေရပ်တန့်လိုက်သည်။ အကြောင်းကား ထိုကောင်လေးရဲ့ စိုးရိမ်တုန်လှုပ်နေတဲ့အသံသဲ့သဲ့ကြောင့်....
" စိတ်ဆိုးလား ဟင် "
" ဘာကိုလဲ "
" နမ်းလိုက်တာကို "
![](https://img.wattpad.com/cover/311295115-288-k254748.jpg)
YOU ARE READING
I want to hate you " Min "
Fanfictionအကိုမမှားပါဘူး ချစ်ခဲ့တဲ့သူက ကျွန်တော်မို့ ကျွန်တော်ပဲမှားခဲ့တာပါ နာကျင်ဖို့လဲ ကျွန်တော်ပဲရွေးချယ်ခဲ့တာကြောင့် ဒီနာကျင်မှုကို ကျွန်တော်ကျေကျေနပ်နပ်ကြီး လက်ခံပါတယ်~~~ ကျွန်တော်ကိုယ်တိုင်က အကိုဆီမှာ ပြိုလဲနေခဲ့မိတာကို.....